Headlines News :
Home » » ဒီချုပ်ပါတီဝင်တစ်ဦး တိုးဂိတ်ဝန်ထမ်းကို ပါးရိုက်ခဲ့သည်ဟု စွပ်စွဲခံရမှု လွှတ်တော်အမတ် ကိုယ်စားတောင်းပန်

ဒီချုပ်ပါတီဝင်တစ်ဦး တိုးဂိတ်ဝန်ထမ်းကို ပါးရိုက်ခဲ့သည်ဟု စွပ်စွဲခံရမှု လွှတ်တော်အမတ် ကိုယ်စားတောင်းပန်

Written By Live100 on Tuesday, August 15, 2017 | 11:01 AM


ဒလမြို့နယ် တိုင်းဒေသကြီးလွှတ် တော်အမတ်ယာဉ်တန်းတွင် လိုက်ပါလာသောဒီချုပ်ပါတီဝင်တစ်ဦးက တိုးဂိတ်ဝန်ထမ်းကို ပါးရိုက်ခဲ့သည်ဟု စွပ်စွဲခံရပြီး ယင်းကိစ္စနှင့် ပတ်သက်၍ အဆိုပါလွှတ်တော်အမတ်က တောင်းပန်ကြောင်း ပြောသည်။

သြဂုတ် ၁၃ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ဒလမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်း ရင်ပါဝင်သော ယာဉ်တန်းမှ ကားသုံးစီးသည် ပန်းလှိုင်တိုးဂိတ်သို့ ဂိတ်ဝင်ကြေးမပေးဘဲ ဖြတ် မောင်းကာ ယာဉ်တန်း၌ လိုက်ပါလာသူတစ်ဦးက တိုးဂိတ်ဝန်ထမ်း ကိုငြိမ်းချမ်းအောင်ကို ပါးရိုက်ခဲ့သည်ဟု အဆိုပါတိုးဂိတ် တာဝန်ခံ ကိုကျော်ဝဏ္ဏနှင့် ကိုငြိမ်းချမ်းအောင်တို့က ခလောက် ချိုင့်နယ်မြေရဲစခန်းသို့ တိုင်ကြား ခဲ့သည်။

အဆိုပါ တိုင်ကြားစာတွင် ယာဉ်တန်းသည် ပန်းလှိုင်တံတား ဘက်မှ လှိုင်သာယာမြို့နယ်သို့ မောင်းနှင်လာပြီး တိုးဂိတ်၌ ရပ်တန့်မပေးဘဲ ကျော်သွားခဲ့ ကြောင်း၊ ထို့နောက် တိုးဂိတ်ဝန် ထမ်းတစ်ဦးက ‘‘ကားနံပါတ် 4C-6366 မောင်းပြေး’’ဟု အော်ဟစ် ခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ နောက် ကားနံပါတ် 4C-6366 ယာဉ်နောက်ခန်းမှ လိုက်ပါစီးနင်းလာသူတစ်ဦး ဆင်းလာပြီး ယာဉ်တွင် ကပ်ထားသော NLD တံဆိပ်ကို လက်ညှိုးထိုးပြကာ ‘‘ဒီ ယာဉ်တန်းတွေ ဖြတ်မယ်ဆိုတာ မင်းမသိဘူးလား။ မင်းတို့လူပါးဝ တာကြာပြီ’’ဟုပြောပြီး တိုးဂိတ် ဝန်ထမ်း ကိုငြိမ်းချမ်းအောင်ကို ပါးရိုက်ခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။ ပါးရိုက်ခဲ့သူသည် ကော့မှူးမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ကိုကျော် ဆွေဝင်းဟု စုံစမ်းသိရပြီး ရဲအရေး မပိုင်သဖြင့် တရားရုံးတွင် ဦးတိုက် လျှောက်ထားရန် လာရောက်တိုင် ကြားသူများကို ရှင်းလင်းပြော ကြားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ ပါးရိုက်သူသည် ကော့မှူး အမတ် ဦးကျော်ဆွေဝင်း မဟုတ် ဘဲ ယာဉ်တန်းတွင် လိုက်ပါလာ သူ ကော့မှူးမြို့နယ် NLD ပါတီအလုပ်အမှုဆောင် ဦးအိအောင် (ခေါ်) ဦးလှထွေး ဖြစ်သည်ဟု ဦးထွန်းရင်က ပြောသည်။

ပါးရိုက်သည်ကို မသိရှိဘဲ ကိုယ်ထိလက်ရောက် တွန်းထိုး ရင်း ခိုက်ရန်ဖြစ်ပွားခြင်းရှိခဲ့ပြီး တိုးဂိတ် ဝန်ထမ်းများကိုလည်း ကျေလည်အောင် တောင်းပန်ခဲ့ သည်ဟု ၎င်းကဆိုသည်။

‘‘ပြည်သူကို တောင်းပန် တယ်ဆိုတာထက်ပိုပြီး ယဉ်ကျေး တာမျိုး သုံးနှုန်းချင်ပါတယ်။ ကျွန် တော်တို့ အဲဒီက တိုးဂိတ်ဝန်ထမ်း တွေကိုလည်း ကျေလည်အောင် လည်း တောင်းပန်ခဲ့၊ ဖြေရှင်းခဲ့ပါ တယ်။ သူတို့ မကျေနပ်ဘူးဆိုရင် လည်း တရားဥပဒေအရ ရင်ဆိုင် နိုင်ပါတယ်။ လုပ်ခဲ့တဲ့သူကလည်း သေချာရင်ဆိုင်မယ်လို့ ပြောပါ တယ်’’ ဟု ဦးထွန်းရင်က ပြော သည်။

ထို့အပြင် တိုးဂိတ်ကို ဖြတ် ကျော်ခ ငွေမပေးခြင်းမဟုတ်ဘဲ နောက်ကားများကို စောင့်နေခြင်း သာဖြစ်ကြောင်း ဦးထွန်းရင်က ဆိုသည်။ ‘‘ကျွန်တော်က တိုးဂိတ် ကို ဖြတ်မောင်းပြီး အနောက်က ကားတွေ ဂိတ်ကိုကျော်လာမှ အားလုံးအတွက် ပိုက်ဆံပေးဖို့လုပ်နေ တာပါ။ တိုးဂိတ်ကို ကျော်သွားတာ ကိုက် ၃၀၀ လောက်တော့ရှိမယ်။ ကားသုံးစီး ဂိတ်ကို ကျော်သွားပါ တယ်။ ပြီးတော့ ကျွန်တော်ကိုယ် တိုင်ပဲ ပြန်လှည့်ပြီး ဂိတ်ကြေးငွေ ရှင်းမလို့လုပ်တော့ သူတို့က ရန် ဖြစ်သလိုဖြစ်နေကြတာပါ။ အဖြစ်အပျက်က အရမ်းမြန်ပါတယ်။ ငါးမိနစ်လောက်ပဲ ကြာတယ်’’ဟု ဦးထွန်းရင်က ပြောသည်။

လွှတ်တော်အမတ်၏ ယာဉ် တန်းသည် တွံတေး-လှိုင်သာယာ ကားလမ်းမှတစ်ဆင့် သင်္ဃန်း ကျွန်းမြို့နယ်တွင် ပြုလုပ်သော NLD ပါတီ၏ သံဃာအပါး သုံး သောင်းကျော်နှင့် သီလရှင် တစ် သောင်းကျော်အား ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ သွားရောက်ခြင်းဖြစ်သည်။ ထို့အပြင် အခင်းမဖြစ်ပွားမီက တိုးဂိတ်တွင် တန်းစီနေသော ကားအစီးရေ ၁၀၀ ခန့်ရှိ သည်ဟု ၎င်းကပြောသည်။

ပါးရိုက်ခံရသူ တိုးဂိတ်ဝန် ထမ်းများက သြဂုတ် ၁၃ ရက်ညဥ့်ဦးပိုင်းတွင် ခလောက်ချိုင့်နယ်မြေရဲစခန်းသို့ လာရောက်တိုင်ကြားပြီး ရဲအရေးပိုင်မဟုတ်သဖြင့် တွံတေးတရားရုံးသို့ ဦးတိုက်လျှောက်ထားရန် ပြောခဲ့ကြောင်း ခလောက်ချိုင့်နယ်မြေရဲစခန်းမှ စခန်းမှူးကပြောသည်။ ‘‘ကျွန်တော် ဖြစ်စဉ်ကိုတော့ လာတိုင်ကြားမှပဲသိတယ်။ သူတို့ကို တရားရုံးကို ဦးတိုက်လျှောက်ခိုင်းထားတာ အခုထိ (သြဂုတ် ၁၄ ရက် ည) တိုင်တာမျိုး မရှိသေးဘူး’’ဟု ခလောက်ချိုင့်နယ်မြေ ရဲစခန်းမှ စခန်းမှူးကပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ ပါးရိုက်သည်ဟု စွပ်စွဲခံ ရသူ ဦးလှထွေးနှင့် ကျူးလွန်ခံရသူ ကိုငြိမ်းချမ်းအောင်တို့ကိုဆက်သွယ်ရန် ကြိုးစားသော်လည်း မရခဲ့ပေ။

7Day daily

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template