Headlines News :
Home » » ဧရာဝတီကမ်းလွန်လုပ်ကွက် နှစ်ခုတွင် လာမည့်နှစ်အတွင်း သဘာဝဓာတ်ငွေ့ တူးဖော်မည်ဟု သြစတြေးလျကုမ္ပဏီထုတ်ပြန် .

ဧရာဝတီကမ်းလွန်လုပ်ကွက် နှစ်ခုတွင် လာမည့်နှစ်အတွင်း သဘာဝဓာတ်ငွေ့ တူးဖော်မည်ဟု သြစတြေးလျကုမ္ပဏီထုတ်ပြန် .

Written By Live100 on Saturday, August 19, 2017 | 11:19 AM


ဧရာဝတီကမ်းလွန်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ် ကွက်များဖြစ်သည့် A-7 နှင့် AD-5 လုပ်ကွက်များတွင် ၂၀၁၈ အ တွင်း သဘာဝဓာတ်ငွေ့တူးဖော် မည်ဖြစ်ကြောင်း သြစတြေးလျအ ခြေစိုက် Woodside Energy ကုမ္ပဏီက သြဂုတ် ၁၄ ရက်စွဲဖြင့် ထုတ်ပြန်သည်။
.
အဆိုပါ လုပ်ကွက်နှစ်ခု သည် ဧရာဝတီတိုင်းနှင့်ကပ်လျက် ရှိသည့် ကမ်းတွင် တစ်ဆက်တည်း တည်ရှိနေပြီး A-7 လုပ်ကွက် အနေဖြင့် ဧရာဝတီ ကမ်းခြေမှ ၁၅ မိုင်နှင့်အကွာနှင့် AD-5 လုပ်ကွက်အနေဖြင့် ကမ်းခြေမှ ၅၆ မိုင်အကွာတွင် သဘာဝဓာတ်ငွေ့ တူးဖော်မည်ဖြစ်သည်။

ထိုသို့တူးဖော်ရန် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုနှင့် လူမှုဘဝထိခိုက်မှုများကို မြန်မာနိုင်ငံ၏ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ် နည်းနှင့်အညီ ဆောင်ရွက်မည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။ ထိုသို့ ဆောင်ရွက်ခြင်းကို ERM နှင့် REM အဖွဲ့တို့က Woodside ကိုယ်စားဆောင်ရွက်မည်ဟု ဆိုသည်။

‘‘Woodside က လူမှုပတ်ဝန်းကျင်ထိခိုက်မှု EIA/SIA တွေ လေ့လာမယ်လို့ တင်ပြထားတယ်။ ငါး လုပ်ကွက်တွေအတွက် ဆွေးနွေး နေတယ်’’ဟု ဧရာဝတီတိုင်းဒေသ ကြီး စွမ်းအင်ဝန်ကြီး ဦးဝင်းဌေးက ပြောသည်။  A-7 လုပ်ကွက်တွင် Wood-side က ၄၅ ရာခိုင်နှုန်းရှယ်ယာ ပါဝင်ပြီး တူးဖော်ရေးအော်ပရေတာအဖြစ် ဆောင်ရွက်ဖြစ်သည်။ Shell ရေနံကုမ္ပဏီက ၄၅ ရာခိုင်နှုန်းနှင့် MPEP က ၁၀ ရာခိုင်နှုန်းပါဝင်သည်။ AD-5 လုပ်ကွက်တွင် Woodside က ရှယ်ယာ ၅၅ ရာ ခိုင်နှုန်းနှင့် Shell က ၄၅ ရာခိုင်နှုန်း ရှယ်ယာပါဝင်သည်။

Woodside ကုမ္ပဏီသည် ပြီး ခဲ့သည့် ဇူလိုင်လကုန်ရက်ပိုင်းက A-6 လုပ်ကွက်တွင်လည်း သဘာဝဓာတ်ငွေ့သိုက် တွေ့ရှိထားပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်သည့် လုပ်ကွက်ဖြစ်ကြောင်း ကုမ္ပဏီက ကြေညာထားသည်။ ထိုလုပ်ကွက်တွင် MPRL E&P ကုမ္ပဏီက စွန့်စားရင်းနှီးမြှုပ်နှံမှု ၂၀ ရာခိုင်နှုန်း၊ သြစတြေးလျရေနံကုမ္ပဏီ Woodside Energy နှင့် Total Myanmar E&Pက ၄၀ ရာခိုင်နှုန်းစီ ပါဝင်ဆောင် ရွက်ခြင်းဖြစ်သည်။
.
.
By ထွန်းထွန်းမင်း
7Day News Journal
http://www.7daydaily.com/story/104994

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template