Headlines News :
Home » » ထာဝရငြိမ်းချမ်းရေးရရှိမှသာ ထာဝရဒီမိုကရေစီဖြစ်နိုင်မည်ဟု ဗိုလ်​ချုပ်​မှူးကြီး​ပြော

ထာဝရငြိမ်းချမ်းရေးရရှိမှသာ ထာဝရဒီမိုကရေစီဖြစ်နိုင်မည်ဟု ဗိုလ်​ချုပ်​မှူးကြီး​ပြော

Written By Live100 on Tuesday, August 15, 2017 | 7:56 AM

နေပြည်တော်၊ သြဂုတ် ၁၄

လက်ရှိလျှောက်လှမ်းနေသည့် နိုင်ငံရေးလမ်းကြောင်း အောင်မြင်စေလို၍တပ်မတော်အနေဖြင့် အစိုးရ၊ နိုင်ငံရေး ပါတီများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ထာဝရငြိမ်းချမ်းရေးရရှိမှသာ ထာဝရဒီမိုကရေစီဖြစ်နိုင်မည်ဖြစ် သောကြောင့် ငြိမ်းချမ်းရေးရရှိအောင်လည်း ကြိုးပမ်းဆောင်ရွက်နေသည်မှာ တပ်မတော်၏ဆန္ဒပင်ဖြစ်ကြောင်း ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Jukar Boon-Long  အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ-ထိုင်းနှစ်နိုင်ငံသည် ခင်မင်ရင်းနှီးသည့် အိမ်နီး ချင်းကောင်းနိုင်ငံများဖြစ်ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် နှစ်နိုင်ငံဆက်ဆံရေး၊ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်ခဲ့ကြောင်း၊ ကြီးမားသည့်ပြဿနာတစ်စုံတစ်ရာမရှိဘဲ နှစ်နိုင်ငံအကြား အခက်အခဲရှိမည်ဆိုပါကလည်း ရရှိသည့်သတင်းအချက်အလက်များကို အချိန်မီမျှဝေ ညှိနှိုင်းဖြေရှင်းနိုင်ခြင်းဖြင့် အိမ်နီးချင်း ကောင်းပီသမှုကိုလည်း ပေါ်လွင်စေကြောင်း ဦးစွာပြောကြားသည်။

ဧည့်သည်တော်သံအမတ်ကြီးက ထိုင်း-မြန်မာနှစ်နိုင်ငံအကြား ဆက်ဆံရေးအရှိန်အဟုန် တိုးတက် ကောင်းမွန်နေသည်မှာ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးကောင်းမွန်မှုကြောင့်ဖြစ်ကြောင်း ပြန်လည်ပြောကြား၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား အပြန်အလှန်ပြုလုပ်နေသည့် TBC၊ RBC၊ HLC အစည်းအဝေးများ ပြုလုပ်ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ယင်းအစည်းအဝေးများတွင် နှစ်နိုင်ငံနယ်စပ်ဆိုင်ရာ ပြဿနာများအားဖြေရှင်းနိုင်မှု၊ သတင်းအချက်အလက်များဖလှယ်နိုင်မှု၊ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မှုများအား ဆွေးနွေးသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နှစ်နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဇူလိုင်လအတွင်း ထိုင်း-မြန်မာနယ်စပ်မှ ဖြတ်ကျော်သယ်ဆောင်လာသည့် လက်နက်များအား မြန်မာနိုင်ငံ အတွင်း ဖမ်းဆီးရရှိခဲ့မှုနှင့် ဆက်စပ်သတင်းဖော်ထုတ်ချက်များအရ ထိုင်းနိုင်ငံ၏ လက်နက်ထိန်းသိမ်းထားသိုမှု လုံခြုံရေးကိုပါထိခိုက်စေနိုင်သည့် အခြေအနေများ၊ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှ လက်နက်ခဲယမ်းများအား မြန်မာနယ်စပ်သို့ ဖြတ်သန်းသယ်ဆောင်စဉ် ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရရှိခဲ့သည့်အတွက်လည်း ကျေးဇူးတင်ရှိကြောင်းဖြင့် အဆိုပါဖြစ်စဉ်များသည် မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်နေချိန်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိခိုက်ပျက်ပြားစေခြင်းကြောင့် ထိရောက်စွာတားမြစ်ပေးရေးတို့အား ဆွေနွေးရာ ဧည့်သည်တော်သံအမတ်ကြီးက မိမိတို့သည်မိတ်ဆွေများဖြစ်၍ မြန်မာနိုင်ငံ၏ လုံခြုံရေး၊ ငြိမ်းချမ်းရေးကို ထိခိုက်စေမှုများအားမလိုလားပါကြောင်း၊ လက်နက်မှောင်ခိုနှင့် မူးယစ်ဆေးဝါးများ တားဆီးနှိမ်နင်းရေးကိစ္စရပ်များတွင် ပိုမိုပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။

ထို့နောက် ရခိုင်ဒေသအရေးကိစ္စများနှင့်ပတ်သက်၍ လိုအပ်ချက်အရ လုံခြုံရေးတိုးမြှင့်လုပ်ဆောင်နေမှု အခြေအနေများ၊ ဒေသခံတိုင်းရင်းသားများက ဘင်္ဂလီများနှင့် UN အပါအ၀င် NGO / INGO အဖွဲ့အစည်း များအား လက်မခံသည့်အတွက် ဆန္ဒပြနေမှုများ၊ ၎င်းဖြစ်စဉ်များနှင့်ပတ်သက်ပြီး အကြမ်းဖက်မှုကိစ္စရပ်များ ဆက်စပ်လုပ်ဆောင်နိုင်သည့် အခြေအနေများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းပြောကြားသည်။

ဧည့်သည်တော်သံအမတ်ကြီးက ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံအနေဖြင့် မြန်မာ နိုင်ငံဘက်မှ ထောက်ခံရပ်တည်ကြောင်း၊ အကြမ်းဖက်မှုကိစ္စရပ်များ တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှ ရခိုင်ဒေသအတွက် ယခင်က လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပေးခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုဦးစားပေးလုပ်ဆောင်နေကြောင်း ပြန်လည်ဆွေးနွေးရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရခိုင်ဒေသတွင် အချို့သော လူသားချင်းစာနာထောက်ထားမှု အကူအညီများသည် အခြားမသက်ဆိုင်သူများ၊ အကြမ်းဖက်အဖွဲ့အစည်းများထံ ရောက်ရှိသွားကြောင်း စိစစ်တွေ့ရှိရသဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီလုပ်ဆောင်ပေးခြင်းက ပိုမိုကောင်းမွန်ပြီးအကျိုးရှိကြောင်း မှတ်ချက်ပြုဆွေးနွေးခဲ့သည်။

ယင်းနောက် မြန်မာ-ထိုင်း-အစ္စရေး ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ၊ မြန်မာ-ထိုင်း- နော်ဝေ ပင်လယ်ရေကြောင်းဆေးပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များတွင် မြန်မာ့တပ်မတော်မှ ပူးပေါင်းပါဝင်ဆောင်ရွက်ရေးနှင့် ထိုင်းဘုရင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စိုက်ပျိုးမွေးမြူရေးစီမံကိန်းများသို့ လေ့လာသူများ၊ သင်တန်းသားများစေလွှတ်မှုကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့်အတူ သံရုံးမှတာဝန်ရှိသူများ၊ ထိုင်းဘုရင့်တပ်မတော်(ကြည်း၊ရေ၊လေ) စစ်သံမှူးများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းနိုင်ငံသံအမတ်ကြီးတို့သည် တက်ရောက် လာကြသူများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။ အဆိုပါ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Jukar Boon-Long သည် မြန်မာနိုင်ငံတွင် လာရောက် တာဝန်ထမ်းဆောင်သည့် သံအမတ်ကြီးများအနက် ၂၁ ယောက်မြောက်သံအမတ်ကြီးဖြစ်ပြီး ယခုနှစ် ဧပြီ ၂၆ ရက်တွင် စတင်တာဝန်ထမ်းဆောင်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


တပ်​မ​တော်​ကာကွယ်​​ရေးဦးစီးချုပ်​ရုံး ​facebook

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template