Headlines News :
Home » » ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ရန် အစီအစဉ်မရှိကြောင်း ဥရောပခရီးစဉ်တွင် နိုင်ငံတော်သမ္မတကြီး ထုတ်ဖော်ပြောကြား

၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ရန် အစီအစဉ်မရှိကြောင်း ဥရောပခရီးစဉ်တွင် နိုင်ငံတော်သမ္မတကြီး ထုတ်ဖော်ပြောကြား

Written By လွင့်မောင်မောင် on Thursday, March 7, 2013 | 11:07 PM



သမ္မတကြီး ကို DVB ဦးခင်မောင်ဝင်း ၏မေးမြန်းချက်

(DVB ဦးခင်မောင်ဝင်း)
နိုင်ငံတကာကလည်း ထောက်ပြထားတာ ရှိပါတယ်ခင်ဗျ။ မြန်မာပြည်က နိုင်ငံသားဥပဒေက အရမ်းတင်းကြပ်လွန်း အားကြီးတယ်။ အဲဒါ ပြုပြင်သင့်တယ်လို့ ဝေဖန်ထောက်ပြထားတာ ရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ရော လွှတ်တော်ပဲဖြစ်ဖြစ် အစိုးရပဲ ဖြစ်ဖြစ် နိုင်ငံသားဥပဒေကို ပြန်လည်သုံးသပ်စိစစ်ပြီး ပြင်ဆင်ဖို့များ ရှိပါသလား။
------------------------------------------------------------------

(နိုင်ငံတော်သမ္မတကြီး၏ ဖြေကြားချက်)

လောလောဆယ်တော့ ဒီဥပဒေကို ကျွန်တော်တို့အစိုးရပိုင်းကတော့ ပြင်ဆင်ဖို့် အစီအစဉ်တော့ မရှိပါဘူး။ လွှတ်တော်ကတော့ သိပ်ပြီးတော့ ဂဃဏနတော့ မသိဘူး။ လွှတ်တော်ထဲမှာတော့ ဘယ်လိုတွေ သဘောထား ရှိကြသလဲတော့ မသိဘူး။

သို့သော်လည်းပဲ ကျွန်တော်တို့ ဒီ ဥပဒေကို လေ့လာကြည့်ရတာတော့ ဒီဥပဒေဟာ ကိုယ့်နိုင်ငံကို အကာအကွယ် ပေးထားတဲ့ သဘောတွေ တွေ့ပါတယ်။ ပြီးတော့လည်း ပညာရှင်တွေနဲ့ တော်တော်လေးကို အချိန်ယူပြီး အတွေ့အကြုံတွေပေါ်မှာ ရေးဆွဲထားတဲ့ ဥပဒေ လို့ သိရတယ်။

နော်ဝေနိုင်ငံလို ဟာမျိုးတောင်မှ (၇)နှစ်နေပြီးလို့ရှိရင် နိုင်ငံသားအဖြစ် သူတို့ ပြုခွင့် ပြုတယ်လို့ ကျွန်တော်တို့ သိရပါတယ်။

တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အခြေအနေချင်းတော့ မတူဘူးပေါ့။ ကျွန်တော်တို့နိုင်ငံရဲ့ နောက်ခံသမိုင်းကြောင်း၊ လက်ရှိပကတိအခြေအနေ၊ ကျွန်တော်တို့ရဲ့ လူဦးရေ၊ ဒါတွေနဲ့ နော်ဝေနဲ့တော့ မတူတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကို အကာအကွယ်ပေးဖို့ လုပ်ထားတယ်လို့ ကျွန်တော်တို့ကတော့ ယူဆပါတယ်။

ပြင်ဖို့ မပြင်ဖို့ကတော့ ကျွန်တော်တို့ အစိုးရကတော့ အစီအစဉ် မရှိသေးဘူး။

သို့သော်လည်းပဲ လွှတ်တော်ထဲမှာ ဘယ်လိုတွေ သဘောထား ရှိကြတယ် တော့ ကျွန်တော်တို့ မသိဘူး။ 


Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template