Headlines News :
Home » » စိုးသူအခမဲ့ ဖျော်ဖြေပွဲ ပြုလုပ်မည်

စိုးသူအခမဲ့ ဖျော်ဖြေပွဲ ပြုလုပ်မည်

Written By လွင့်မောင်မောင် on Thursday, March 7, 2013 | 11:15 PM



ရန်ကုန်၊ မတ် ၇။ မတ်လ(၃၀)တွင် ပြုလုပ်မည့် စိုးသူ၏ တစ်ကိုတော်ဖျော်ဖြေပွဲတွင် ပရိသတ်များ ပျော်ရွှင်စွာ လာရောက်ကြည့်ရှုနိုင်ရန် အတွက် အခမဲ့ အဖြစ်စီစဉ်လျက်ရှိကြောင်း စိုးသူက မြန်မာ့ခေတ်သို့ ပြောကြားသည်။ "ဝင်ကြေး၊ အခကြေးငွေ မယူပဲ ဖျော်ဖြေပွဲ လုပ်ပေးရင် လူကြီး၊ လူငယ်မရွေး အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ ကြည့်နိုင်မှာပဲဆိုပြီး စီစဉ်ဖြစ်တယ်။
အားလုံး အဆင်ပြေပြေနဲ့ ကြည့်နိုင်အောင် ဇုံတွေ ခွဲထားတယ်။ ကခုန်မယ့် သူတွေ၊ အနုပညာရှင်တွေ၊ မိသားစုတွေ၊ အတွက်ဇုံတွေ ခွဲထားတယ်။စီစဉ်သူတွေကလည်း စေတနာထားပြီး စီစဉ်ပေးထားတယ်။ အဲဖျော်ဖြေပွဲကို အားလုံးနဲ့ တိုင်ပင်ပြီး အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက် သွားမှာပါ” ဟု စိုးသူက ပြောသည်။

၎င်းသည် ပထမဦး ဆုံးအကြိမ် တစ်ကိုယ်တော် ဖျော်ဖြေမှု ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့်နောက်ဆုံး စီးရီးဖြစ်သော "ကိုယ့်ရဲ့ နေ့သစ်များ" စီးရီးထွက်ပြီး အချိန်၌ နိုင်ငံခြားသို့ ထွက်ခွာသွားခြင်း ဖြစ်ကြောင်း သိရသည်။်တေးစီးရီး (၁၁)ခွေ ထွက်ရှိခဲ့ပြီး၊ ပရိသတ်နှင့်အဆင်ပြေလျင် စီးရီးထပ်မံထုတ်ရန် ရှိသေးကြောင်းကို"နောက်ထပ်လည်း ပြောထားတာတွေ ရှိပါတယ်။ စီးရီးထုတ်ဖို့ အစီစဉ်တော့ ရှိပါတယ်"ဟု စိုးသူက ပြောသည်။

ယခုလက်ရှိ အနုပညာနှင့် ပတ်သက်ပြီး ပဒုမ္မာဆပ်ပြာ ကြော်ငြာရိုက်နေကြောင်းနှင့်"ကျွန်မ၏ သစ်ပင်" ရုပ်ရှင် ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းထားခြင်း လည်းရှိကြောင်းသိရသည်။

"တစ်ခြား ကြော်ငြာတွေ ရိုက်ဖို့ ကမ်းလှမ်းထားတာ ရှိပါတယ်။ ရုပ်ရှင်နဲ့ကတော့သူတို့က လာပြီးတော့ ရိုက်ဖို့ကမ်းလှမ်းထား တာရှိတယ်။ အကြောင်း မပြန်ရသေးပါဘူး။အကြောင်းပြန်ဖို့ အတွက် စိတ်ရှည်၊ လက်ရှည် စဉ်းစားပါဆိုလို့ ကမ်းလှမ်းလာ ပါတယ်။သူ့ကိုလည်း အကြောင်းပြန်ရဦးမှာပါ။ လောလောဆယ် အတွက် တစ်ကိုယ်တော် ဖျော်ဖြေရေးအတွက် စီစဉ်လှုပ်ရှား နေရလို့” ဟု စိုးသူက ပြောကြားခဲ့သည်။

အိအိ(မြန်မာ့ခေတ်)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template