Headlines News :
Home » » ကာလာဘတ်(စ)တီးစွန္တွီ ဂျာမေဗလီ ရှေ့တွင်ခရီးသွားပြည်သူများထိတ်လန့်

ကာလာဘတ်(စ)တီးစွန္တွီ ဂျာမေဗလီ ရှေ့တွင်ခရီးသွားပြည်သူများထိတ်လန့်

Written By လွင့်မောင်မောင် on Monday, March 25, 2013 | 4:28 PM


ရန်ကုန်တိုင်းဒေသကြီးမဂ်လာတောင်ညွန့်မြို့နယ် ၁၄၄ ဒေါ်သိန်းတင်လမ်းရှိ 
ကာလာဘတ်(စ)တီးစွန္တွီ ဂျာမေဗလီ ရှေ့တွင် ၂၅-၃-၂၀၁၃ ခုနှစ်မနက်ပိုင်းတွင် စာဖြန့်ဝေခဲ့ခြင်းကြောင့်အစ္စလာမ်ဘာသာကိုးကွယ်သူ ပြည်သူများ ထိတ်လန့်ကာ ဆိုင်များ ပိတ်ခြင်း အခြေအနေအား…စောင့်ကြည့်ခြင်းများ အဖြစ်သို့ ရောက်ရှိခဲ့ကြောင်းသိရှိရသည်။
စာဖြန့်ဝေခြင်းကြောင့် အစ္စလာမ်ဘာသာဝင်အပါအ၀င် လမ်းခရီးသွားပြည်သူများ ဂရုတစိုက်စိုးရိမ်ထိတ်လန့်စွာဖြင့် သွားလာခြင်းအား ဗလီများဖျက်တော့မည်ဟု ကောလဟာလ စကားများ ဖြစ်သည်ဟုသိရသည့်အတွက် အစ္စလာမ်ဘာသာဝင်ဆိုင်ရှင်တစ်ဦးအားမေးမြန်းကြည့်ရာ “ကျွန်တော်တို့ကိုမနက်က စာဖြန့်သွားတယ် မကြာခင်မှာ ဒီဗလီကို ဖျက်မယ်ဟု စာထဲမှာပါလို့ ကျွန်တော်တို့ဆိုင်တွေကိုပါ ရောအဖျက်ခံရမှာကြောက်တဲ့အတွက်ကြောင့် ကျွန်တော်တို့လည်းမဖွင့်ရဲပဲ အခြေအနေကိုစောင့်ကြည့်နေရကြောင်း” ဆိုပါသည်။
အဆိုပါသတင်းသည် မီဒီယာများကြားတွင်လည်းပဲ ပျံ့နှံ့ခဲ့ပြီး သွားရောက်သတင်းယူရာတွင် စာဖြန့်ဝေခြင်းကြောင့်ဟုသာကောလဟာလကိုသာသိရသည်။သို့သော်စာဖြန့်ဝေထားသည့်စာကို မည်သူတစ်ဦးတစ်ယောက်မှပြသခြင်းမရှိကြောင်း..အစ္စလာမ်ဘာသာဝင်များနှင့် ခရီးသွားပြည်သူများမှာ အထိတ်တလန့် ဖြစ်နေရခြင်းကိုသာတွေ့ရှိခဲ့ရပါကြောင်းသိရှိရပါသည်။

စိုးဝင်းနိုင်
( The Hot News )
http://www.hotnewsweekly.com/archives/18831
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template