Headlines News :
Home » » မိတ္ထီလာမြို့ရှိ မီးလောင်သွားသောအိမ်များ ပြန်ဆောက် ပေးမည်ဟု ဝန်ကြီးဦးအောင်မင်း ပြောကြား

မိတ္ထီလာမြို့ရှိ မီးလောင်သွားသောအိမ်များ ပြန်ဆောက် ပေးမည်ဟု ဝန်ကြီးဦးအောင်မင်း ပြောကြား

Written By လွင့်မောင်မောင် on Sunday, March 24, 2013 | 6:01 PM


မိတ္ထီလာ၊ မတ် ၂၄။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌနှင့် သမ္မတရုံးဝန်ကြီှးှဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်
မှုများကြောင့် မီးလောင်ဆုံးရှုံးခဲ့သော လူနေအိမ်များကို ပြန်
လည်ဆောက်လုပ်ပေးသွားမည်ဟု ယနေ့မနက်တွင် မိတ္ထီလာ
မြို့ ခရိုင်အားကစားကွင်းရှိ ကယ်ဆယ်ရေး စခန်း၌ မီဒီယာများ
နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

“အဓိက ကတော့ နဂိုအနေအထားအမှန် ရောက်အောင်
ပြန်လုပ်မယ်၊ နဂိုအနေအထား အမှန်ဆိုတာက နဂိုတုန်းက ငြိမ်းငြိမ်းချမ်းချမ်း နဲ့ နေကြထိုင်ကြ စားကြသောက်ကြ
လုပ်ကြ ကိုင်ကြ။ အဲပုံစံ အတိုင်းဖြစ်အောင် ပြန်လုပ်ပေးမှာ၊ မီးလောင်သွားတဲ့ အိမ်တွေကိုလည်း ပြန်ဆောက်ပေးရမှာ
ပေါ့” ဟု ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီး ဦးအောင်မင်းသည် မြန်မာနိုင်ငံတွင် ရောက်ရှိ
နေသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယား၊ ဓမ္မဒူတ ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒတို့နှင့်အတူ မိတ္ထီလာမြို့ သို့ယနေ့မနက်တွင် ရောက်ရှိသွားခြင်းဖြစ်ပြီး မန္တလေးတိုင်း
ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး တို့နှင့်
အတူ မိတ္ထီလာမြို့ ခရိုင်အားကစားကွင်း၊ အမှတ်(၁)အခြေခံ
ပညာ အထက်တန်းကျောင်းနှင့် သာသနဝေပုလ္လကျောင်း
တိုက်ရှိ ယာယီကယ်ဆယ်ရေးစခန်းများမှ ဒုက္ခသည်များအား သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မိတ္ထီလာမြို့တွင် မတ်လ(၂ဝ)ရက်နေ့နှင့် (၂၁)ရက်နေ့တို့
တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်ကြောင့် သေဆုံးသူ (၃၂)ဦးရှိခဲ့ပြီး အကြမ်းဖက် ဖျက်ဆီးမှုနှင့် မီးလောင်မှုများ
ကြောင့် ဒုက္ခသည် စုစုပေါင်း (၉၆ဝဝ)ကျော်ကို ယာယီ ကယ်ဆယ်ရေးစခန်းများတွင် နေရာချထားလျက်ရှိကြောင်း
ပြန်ကြားရေးဝန်ကြီးဌာနမှ မတ်လ (၂၃)ရက်နေ့ ည(၈)နာရီ သတင်းတွင် ဖော်ပြခဲ့သည်။

ထက်နောင်နောင်
ဓာတ်ပုံ - ဝေယံ

The Myanma Age
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template