Headlines News :
Home » » သံတွဲ လဝကရုံး မီးလောင်မှုဖြစ်ပွား

သံတွဲ လဝကရုံး မီးလောင်မှုဖြစ်ပွား

Written By လွင့်မောင်မောင် on Monday, March 25, 2013 | 12:42 PM



စစ်တွေ (မဇ္ဈိမ)။ ။ လုံခြုံရေးများ တိုးမြှင့်ချထားသော သံတွဲမြို့တွင် မတ်လ ၂၃ ရက်နေ့ ညနေပိုင်းက အမှတ် ၂ ရပ်ကွက်၊ ရတနာလမ်းရှိ လဝကရုံး၌ မီးလောင်မှုတခု ဖြစ်ပွားခဲ့ကြောင်း မြို့ခံများက ဆိုသည်။

“မီးလောင်တာက ရုံးးတခုလုံး လောင်သွားတာမျိုးတော့ မဟုတ်ဘူး။ ရုံးအတွင်းပိုင်းမှာ ဖြစ်သွားတာ။ ညနေ ၇ နာရီလောက်ကထဲက စာရွက်မီးလောင်တဲ့ အနံ့တွေ ထွက်နေတယ်။ ၈ နာရီလောက်မှာ ရုံးတွင်းက မီးခိုးလုံးထွက်လာမှ မီးသတ်ကား ရောက်လာပြီးတော့ မီးငြိမ်းတယ်။ ရုံးစာရွက်စာတမ်းတွေ အတော်များများ ပါသွားတယ်လို့ ပြောတယ်။ မီးသတ် ဦးစီးဌာနကတော့ ပေါ့ဆမီးလို့ ပြောတယ်။ လူတွေကတော့ အားလုံး အထိတ်တလန့် ဖြစ်ကုန်ကြတာပေါ့ဗျာ” ဟု အမှတ် ၂ ရပ်ကွက်မှ ကျောင်းဆရာတဦးက ပြောသည်။

လဝက ရုံးးဝန်ထမ်းတဦးကလည်း ဆေးလိပ်မီးမှတဆင့် မတော်တဆ လောင်ကျွမ်းသည့် ပေါ့ဆမီးသာဖြစ်သည် ဟု တယ်လီဖုန်းမှတဆင့် မဇ္ဈိမကို ပြောသည်။

“မိတ္ထီလာကိစ္စ ဖြစ်ပြီး နောက်တနေ့ကစလို့ လုံခြုံရေး တိုးမြှင့်လိုက်တယ်။ လုံခြုံရေးတွေ တင်းတင်း ကြပ်ကြပ် ချထားတဲ့ကြားက လဝကရုံး မီးလောင်မှုက ထပ်ဖြစ်သွားသေးတယ်” ဟု အမှတ် ၂ ရပ်ကွက် ကျောင်းဆရာက ပြောသည်။

Mizzima
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template