Headlines News :
Home » , , » NCA လက်မှတ်ထိုးပြီးနောက် အစိုးရတပ် နှင့် ပထမ ဆုံးအကြိမ်တိုက်ပွဲဖြစ် RCSS တဦးကျ

NCA လက်မှတ်ထိုးပြီးနောက် အစိုးရတပ် နှင့် ပထမ ဆုံးအကြိမ်တိုက်ပွဲဖြစ် RCSS တဦးကျ

Written By Live100 on Thursday, December 31, 2015 | 10:56 PM


ဒီဇင်ဘာ ၃၁ ရက် ၂၀၁၅

သျှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ် မိုင်းပူးဒေသတွင် အစိုးရတပ်မတော် နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့အကြား NCA စာချုပ်ချုပ်ဆို သည့်နောက်ပိုင်း ပထမ ဆုံးအကြိမ်တိုက်ပွဲ ဖြစ်ပွားသည်။

ဒီဇင်ဘာ ၃၁ ရက် ၂၀၁၅ ခု မွန်းလွဲ ၁ နာရီမှ ၁ နာရီ ၄၀ မိနစ်အထိ ခလရ ၂၇၈ က မိုင်းပြင်းမြို့ တောင် ဘက် မိုင်းပူးလုံကျေးရွာ အုပ်စု ဘက်တွင် အခြေချ နေထိုင် သည့် သျှမ်းပြည်တပ်မတော်အား တိုက်ခိုက် သည်ဟု သိရသည်။

“ကျနော်တို့ကို တပ်မတော် စစ်ကြောင်းက လာရောက်တိုက်ခိုက်တာ။ ကျနော် တို့ဘက် ၁ ယောက် ကျဆုံးတယ်။ တယောက် ဒဏ်ရာရတယ်။ အစိုးရ တပ် ဘက်ကလည်း သေကြေဒဏ်ရာရတာရှိတယ်။ အရေအတွက် အတိအကျေ တာ့ မသိရသေးဘူး” - ဟု RCSS ပြောခွင့် ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလှ က ပြောသည်။

အောက်တိုဘာ ၁၅ ရက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးပြီး နောက်ပိုင်း သျှမ်းပြည်တပ်မတော် RCSS/SSA အား အစိုးရ တပ်မတော်ဘက်မှ ပထမဆုံး အကြိမ် တိုက်ခိုက်ခြင်းဖြစ်သည်။

“မိုင်းပြင်းမြို့နယ်ထဲမှာ ကျနော်တို့တပ်ခေတ် အဆက်ဆက်နေထိုင်လာတယ်။ MTA ခေတ် ကတည်းက ဘဲ။ ဘာကြောင့် ကျနော်တို့ကို လာပြီး တိုက်ခိုက် ရသလဲ ဆိုတာနားမလည်ဘူး”- ဟု ဗိုလ်မှူးကြီး စိုင်းလှ က ဆက်ပြောသည်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုး သည့်ေ နာက်ပိုင်း ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲ စတင်ရမည်ဖြစ်သဖြင့် လာမည့် ၁၅ ရက် အတွင်း နိုင်ငံရေးဆွေးနွေးပွဲ မလွဲမသွေ ကျင်းပရန်ပြင် ဆင်နေချိန် ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခြင်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ယုံကြည်မှုလျော့ပါးစေသည်ဟု သျှမ်းပြည်တပ်မတော် ဘက်က သုံးသပ်ပါသည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template