Headlines News :
Home » » RCSS/SSA နှင့် တအာင်းပလောင် TNLA ဆွေးနွေးရန် တိုင်းရင်းသား မဟာမိတ်အဖွဲ့တောင်းဆို

RCSS/SSA နှင့် တအာင်းပလောင် TNLA ဆွေးနွေးရန် တိုင်းရင်းသား မဟာမိတ်အဖွဲ့တောင်းဆို

Written By Live100 on Saturday, January 2, 2016 | 9:05 AM

သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ထိတွေ့တိုက်ခိုက် မှု ဖြစ်ပွား နေသာ RCSS/SSA နှင့် PSLF/TNLA တို့အနေဖြင့် ပြဿနာများကို စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့် ဖြေရှင်းရန် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) ထိပ်သီးခေါင်းဆောင်များဒီဇင်ဘာ ၃၀ ရက်ဆွေးနွေးပွဲအပြီး တွင် ကြေညာ ချက်ထုတ်ပြန်တောင်းဆို လိုက်သည် ။



စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA) သည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက် များတွင် ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းများ အားလုံးပါဝင်လာရေးကို လိုလားကြောင်း ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်သော ဆောင်ရွက် သင့် ဆောင်ရွက်ထိုက်သည့် ကိစ္စများလုပ်ငန်းများတွင် ဆက်လက်ပါဝင်ေ ဆာင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည် ။


ထို့အတူ UNA အနေဖြင့် ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ကျင့်သုံးသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ပေါ်ထွန်းရေးတွင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဒီမိုကရက်တစ် ဖက်ဒ ရယ်ပြည်ေ ထာင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများ ကို ဆက်လက်အားပေးလက်တွဲ ကူညီ ထောက်ခံသွား မည်ဟုလည်း ဆိုထားသည် ။


ဖမ်းဆီးအကျဉ်းချခံနေရသော နိုင်ငံရေးအကျဉ်းသားများ ၊ ကျောင်းသား / သူများ ၊ ၀န်းရံသူများ ၊ တက်ကြွလှုပ်ရှားသူများအား အစိုးရသစ်တစ်ရပ် မပေါ်ပေါက်မီ အမြန်ဆုံး ပြန်လည် လွှတ်ပေးရန် တောင်းဆိုကြောင်းနှင့် ထိုင်းနိုင်ငံအတွင်း သက်သေမခိုင်လုံဘဲ သေဒဏ်ချမှတ်ခံနေရသော မြန်မာလူငယ် နှစ်ဦး၏ အမှုအား တရားမျှတစွာ ပြန်လည် သုံးသပ် ဆုံးဖြတ်ပေးရန်တောင်းဆို လိုက်ကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည် ။


ယင်းအပြင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ကာလတွင် အရေးပါသော တိုင်းရင်းသားများ၏ အခန်းကဏ်ဏ္ဍ ပိုမိုပါဝင်ဆောင်ရွက်နိုင်ရန် တိုင်းရင်းသား လူမျိုးများအတွင်း စည်းလုံးညီညွတ်ရေးကို အစွမ်းကုန်အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည် ။သျှမ်းသံတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template