|Dawei Watch| မြိတ်၊ ဒီဇင်ဘာ ၂၉
မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ကလွင်လမ်းဆုံတွင်
ဒီဇင်ဘာလ ၂၈ရက်က လုယက်မှု ကျူးလွန်ခဲ့သည့် လူငယ် ၃ ဦးကို အခင်း ဖြစ်ပြီးပြီးချင်းတွင်ပင်
အနီးနားရှိ လူထုက ဆိုင်ကယ်ဖြင့် လိုက်လံ ဖမ်းဆီးပြီး ရဲစခန်းသို့
အပ်နှံခဲ့ကြောင်း မြိတ်မြို့နယ် ရဲစခန်းမှ
သိရသည်။
လူယက်သူ လူငယ်များသည် အသက် ၁၆ နှစ်ရွယ် တစ်ဦးနှင့် ၁၇
နှစ်အရွယ် ၂ ဦး တို့ဖြစ်ပြီး မြိတ်မြို့ခံများ ဖြစ်ကြောင်း အထက်ပါ ရဲစခန်းမှ သိရသည်။
ဒီဇင်ဘာလ
၂၈ ရက် နေ့လယ် ၃နာရီအချိန်ခန့်က ကလွင်ကျေးရွာအုပ်စု ကလွင်လမ်းဆုံတွင် အထက်ပါ လူငယ်
၃ ဦးသည် ဆိုင်ကယ်မောင်းနင်းလာသော မိသားစု ၃ ဦးထံမှ ဟမ်းဆက်ဖုန်း ၁လုံးနှင့်
ပိုက်ဆံအိတ်များကို လုယူခဲ့ခြင်းဖြစ်ကြောင်း အထက် ပါ ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက
ပြောသည်။
လက်ရှိတွင်
ဖမ်းမိသည့် လူငယ် ၃ ဦးကို မြိတ်မြို့နယ်ရဲစခန်းမှ (ပ) ၆၇၅/ ၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၈၀၊
ကျင့် ၅၄ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
မြိတ်တွင်
ယခုနှစ်အတွင်း ခိုးဆိုးလုယက်မှုအများစုမှာ လူသူကင်းမဲ့သော လမ်းဆုံ/ လမ်းခွများနှင့်
ဈေးများမှာ ဖြစ်ပွားလျက် ရှိကြောင်း သိရကာ လက်ကိုင်ဖုန်းနှင့် ပိုက်ဆံအိတ်များကို
အများဆုံးလုယက်ခံရကြောင်း မြိတ်မြို့နယ်ရဲစခန်း၏ မှုခင်း မှတ်တမ်းများအရ သိရသည်။
Dawei
Watch