ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်စီရင်ခံရသူ ကိုဇော်လင်းနဲ့ ကိုဝေဖြိုး (ခ) ကိုဝင်းဇော်ထွန်းတို့ ၂ ဦးက သူတို့ဟာ အပြစ်ကင်းစင်ကြောင်းနဲ့ အချုပ်အနှောင်ကနေ လွတ်မြောက်လိုကြောင်း ထောင်ဝင်စာတွေ့သူတွေကတဆင့် မှာကြားပါတယ်။
သေဒဏ်စီရင်ချက်ချမှတ်ခံရပြီးနောက် ပထမဆုံးအကြိမ် သူတို့ဘက်က လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေတွေက နခွန်းဆီထမရတ်အကျဉ်းထောင်မှာ ပထမဆုံးအကြိမ် ထောင်ဝင်စာ သွားတွေ့ခဲ့ကြစဉ် မှာကြားလိုက်တာလို့ ဒီအမှုလိုက်ပါဆောင်ရွက်တဲ့ Andy Hall က ဖေ့စ်ဘုတ်မှာ ရေးပါတယ်။
“ကျနော်တို့ကို ထောက်ပံ့ကူညီသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော်တို့ဟာ အပြစ်ကင်းစင်သူတွေဖြစ်ပြီး ဒီလောက်ကြမ်းကြုတ်ရက်စက်တဲ့ရာဇ၀တ်မှုမှာ ပါဝင်ပတ်သက်မှု မရှိပါဘူး။ ကျနော်တို့ မသတ်ပါဘူး. ကျနော်တို့လွတ်မြောက်ချင်ပါတယ်” လို့ ၀င်းနဲ့ ဇော်က သတင်းစကားပါးခဲ့တယ်လို့ ရေးသားထားပါတယ်။
ထိုင်းရှေ့များ ထောင်ဝင်စာ သွားတွေ့စဉ် (ဓာတ်ပုံ – MW RN)
ဒီဇင်ဘာ ၂၄