Headlines News :
Home » , » ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ ဆောက်မည့် ကုမ္ပဏီ ပြုလုပ်သည့် အခမ်းအနားခေါင်းစဉ်နှင့် လက်မှတ်ထိုးစာရွက်ပါ ခေါင်းစဉ် ၂ ခု ကွဲလွဲနေ

ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ ဆောက်မည့် ကုမ္ပဏီ ပြုလုပ်သည့် အခမ်းအနားခေါင်းစဉ်နှင့် လက်မှတ်ထိုးစာရွက်ပါ ခေါင်းစဉ် ၂ ခု ကွဲလွဲနေ

Written By Live100 on Monday, December 28, 2015 | 12:23 PM





|Dawei Watch| မြိတ် ဒီဇင်ဘာ ၂၆
မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု လွတ်လွတ်ကျေးရွာရှိ ၅၀ မဂ္ဂါဝပ်ထုတ် ကျောက်မီးသုံး လျှပ်စစ်ဓာတ်အားပေး စီမံကိန်း ကို အကောင်အထည်ဖော်မည့် သန်းဖြိုးသူ သတ္တုတွင်းလုပ်ငန်း ကုမ္ပဏီလီမိတက်မှ ဒီဇင်ဘာလ ၂၆ ရက်က ပြုလုပ်သည့် အခမ်း အနား ခေါင်းစဉ်နှင့် တက်ရောက်သူကြောင်း လက်မှတ်ထိုး စာရွက်တွင် ရေးထားသည့် ခေါင်းစဉ် ကွဲလွဲနေကြောင်း အခမ်းအနား တက်ရောက်သူတစ်ချို့ထံမှ သိရသည်။
ယင်းကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ပေးမည့် စာသင်ကျောင်းအတွက် ယင်းနေ့နံနက် ၁၀ နာရီအချိန်ခန့်က စီမံကိန်းဝင်း အတွင်း အခမ်းအနားပြုလုပ်ခဲ့ရာ တက်ရောက်သူ လက်မှတ်ထိုးစာရွက်တွင် “မြိတ် ၅၀ မဂ္ဂါဝပ် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်း ဒေသခံပြည်သူများနှင့် ရှင်းလင်း ဆွေးနွေး သဘောဆန္ဒခံယူခြင်း အခမ်းအနား”ဟု ရေးထား ကြောင်း အခမ်းအနား တက်ရောက်သူများက ပြောပြသည်။
“ကျောင်းဆောက်လုပ်ပေးမှာကိုတော့ သဘောတူပါတယ်၊ ဒါပေမယ့် လက်မှတ်ထိုးစာရွက်မှာက ခေါင်းစဉ်တစ်မျိုး ဖြစ်နေတယ် ဆိုတော့ ပွင့်လင်းမြင်သာမှု မရှိဘူး”ဟု အခမ်းအနား တက်ရောက်လာသူ ဦးထိန်လင်းအင်က ပြောသည်။
အခမ်းအနားသို့ ကျောင်းကိစ္စအတွက်သာ ခေါ်ထားသည့်အတွက် လက်မှတ်များကို ကျောင်းကိစ္စ အတွက် တက်ရောက်လာသူ အဖြစ်သာ ထိုးခဲ့ကြခြင်းဖြစ်ကြောင်း လက်မှတ်ထိုးခဲ့သည့် လွတ်လွတ်ရွာသားတစ်ချို့က ပြောသည်။
အဆိုပါကိစ္စကို ယင်းစီမံကိန်း၏ အမှုဆောင် ဒါရိုက်တာ ဦးမျိုးဝင်းသန်းအား မေးမြန်းရာ စီမံကိန်းအကြောင်း ရှင်းလင်းချပြခြင်း ဖြစ်ပြီး စာသင်ကျောင်းတည်ဆောက်ရေးကိစ္စ အဓိက ဆွေးနွေးခဲ့ကြောင်း ပြောသည်။
“ဒီကိစ္စကို ကျွန်တော် မသိလိုက်ရဘူး ပြန်ပြင်ပေးလိုက်ပါမယ်”ဟု ဦးမျိုးဝင်းသန်းက ပြောသည်။
လက်မှတ်ထိုးသည့် စာရွက်များတွင် ပထမဆုံး တစ်ရွက်သာ ခေါင်းစဉ်ပါပြီး ကျန်သည့် စာရွက်များတွင် ခေါင်းစဉ်မပါသည့် ကိစ္စ၊ အခမ်းအနား ခေါင်းစဉ်နှင့် လက်မှတ်ထိုးစာရွက် ခေါင်းစဉ် မတူသည့်ကိစ္စနှင့် ပက်သက်ပြီး ဒေသခံအများစုက ကုမ္ပဏီအား တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိခဲ့ပေ။
ယခင်က ပြုလုပ်သည့် အခမ်းအနားများတွင် ယင်းသို့ လက်မှတ်ထိုးခိုင်းကာ စက်ရုံကို ထောက်ခံသကဲ့သို့ လုပ်သည်ကို ကြုံဖူး သည့်အတွက် ယခုပွဲတွင် လက်မှတ် မထိုးဖြစ်ဟု လွတ်လွတ် ရွာသား ဦးသိန်းထွန်းက ပြောသည်။
လက်ရှိ ခေါင်းစဉ်ကွဲလွဲသည့် ကိစ္စနှင့် ပတ်သက်ပြီး ကုမ္ပဏီဘက်သို့ တစ်စုံတစ်ရာ တောင်းဆိုရန်မှု အခြားသူများနှင့် တိုင်ပင်ကာ ပြုလုပ်သွားမည်ဟု ဦးသိန်းထွန်းက ပြောသည်။
လက်ရှိ လွတ်လွတ်ရွာရှိ အခြေခံပညာမူလတန်းကျာင်းကို ယင်းကုမ္ပဏီမှ နှစ်ထပ် အဆောက်အဦး ကျောင်းတစ်ဆောင် အစားထိုး ဆောက်လုပ်ပေးမည်ကို ကျောင်းအုပ်ဆရာမကြီးနှင့် လွတ်လွတ် ရွာသားများက သဘောတူခဲ့သည်။
လွတ်လွတ်ကျေးရွာတွင် တည်ဆောက်မည့် ၅၀ မဂ္ဂါဝပ်ထုတ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်းကို
သန်းဖြိုးသူ သတ္တုတွင်းလုပ်ငန်း ကုမ္ပဏီလီမိတက်က တာဝန်ယူ လုပ်ကိုင်မည်ဖြစ်ကာ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက် ရရှိပါက စက်ရုံအဆောက်အဦး လုပ်ငန်းများကို စတင်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။
အဆိုပါ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံသည် လွတ်လွတ်ကျေးရွာနှင့် အနီးအနားရှိ ရွာအများစုမှ ဒေသခံ ရွာသားများ၏ ကန့်ကွက်မှုနှင့် ရင်ဆိုင်နေရသည်။

Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template