Headlines News :
Home » » မြန်မာသင်္ဘောသား ၇ ဦး ကို ထိုင်းရေတပ်က ကယ်ဆယ်

မြန်မာသင်္ဘောသား ၇ ဦး ကို ထိုင်းရေတပ်က ကယ်ဆယ်

Written By Live100 on Thursday, December 31, 2015 | 9:58 PM



ဘန်ကောက် ၊ ဒီဇင်ဘာ ၃၁ ။

အင်္ဂါနေ့ (၂၉-၁၂-၂၀၁၅) ညနေ ၅ နာရီ အချိန် ခန့်က ထိုင်းနိုင်ငံ၊ ဖူးခက်ကျွန်းအနောက်ဘက် ရေမိုင် ၅၀ ခန့်တွင်နစ်မြုပ်ခဲ့သော မြန်မာကုန်တင်သဘောင်္ပေါ်တွင် လိုက်ပါခဲ့သည့် မြန်မာသဘောင်္သား ၇ ဦးကို ထိုင်းရေတပ်က ကယ်တင်ပေးနိုင်ခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဒီဇင်ဘာ ၃၁ ရက်ကဖော်ပြသည်။

နစ်မြုပ်သွားသော သဘောင်္မှာ "အောင်ချက်ဆာ " ဟုအမည်ပေးထားသောသဘောင်္ဖြစ်ကြောင်း၊
အလျား ( ၂၇ ) မီတာ ၊အနံ( ၅. ၅)မီတာ ရှိသော ကုန်တင်သဘောင်္ဖြစ်ကြောင်း၊ ၄င်းသဘောင်္သည် ရခိုင်ပြည်နယ်မှ မလေးရားနိုင်ငံ ပီနန်ကျွန်းသို့ထွက်ခွာလာသည့်သဘောင်္ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင်ဖော်ပြသည်။


၃၀-၁၂-၂၀၁၅ နံနက် ၂ နာရီတွင် သဘောင်္နစ်မြုပ်ကြောင်း သတင်းရရှိခဲ့ပြီး၊ ထိုင်းရေတပ် ကကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လေယာဉ်တစ်စင်းနှင့်ရေတပ်သဘောင်္ တစ်စင်းတို့ကို စေလွှတ်ခဲ့ကြောင်း၊ တဖြည်းဖြည်းနစ်မြုပ်နေသော မြန်မာသဘောင်္ပေါ်မှသဘောင်္သားများကို ထိုင်းရေတပ်သဘောင်္က ည ၈ နာရီအချိန်ခန့်တွင်ရှာဖွေတွေ့ရှိကယ်တင်နိုင်ခဲ့ကြောင်း၊ လှိုင်းလေထန်သည့် ပင်လယ်ပြင်တွင် မြန်မာသဘောင်္သားများကိုခက်ခဲစွာကူညီ ကယ်တင်ခဲ့ရခြင်းဖြစ်ကြောင်း၊ မြန်မာသဘောင်္သားအားလုံးမှာ ဒဏ်ရာရရှိထားမှုမရှိကြောင်း၊ ၄င်းတို့အားလုံးကို ယနေ့ ( ၃၁-၁၂- ၂၀၁၅) နံနက်ပိုင်းတွင် ဖူးခက်ကမ်းခြေသို့ပို့ဆောင်ပေးခဲ့ပြီး နေရပ်ပြန်နိုင်ရေးအတွက် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းတွင်ဖော်ပြသည်။

"မြန်မာသဘောင်္သားတွေ အရမ်းကိုပျော်နေကြပါတယ်.။ သူတို့ကပြောတယ် ၊သူတို့က တစ်စ တစ်စ နစ်မြုပ်နေတဲ့သဘောင်္နဲ့အတူ ရေပေါ်မှာပေါ်နေကြတာပါ တဲ့၊ သူတို့ကို ရေတပ်သဘောင်္သားတွေက ဓါတ်မီးအလင်း လေးနဲ့တာမြင်နိုင်တာပါ တဲ့ ၊ အရမ်းကံကောင်းပါတယ် တဲ့ .. ဟု ဖူးခက်ကမ်းခြေ အုပ်ချုပ်ရေးမှူး Chamroen Thipayaphongthada ကပြောကြောင်းလည်း ဘန်ကောက်ပို့စ်သတင်းတွင်ဖော်ပြသည်။

Kanbawza Tai News

PHOTO BY - Bangkok Post
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template