Headlines News :
Home » » မလေးရှား ထိုင်းသံရုံးရှေ့ ဆန္ဒပြပွဲျေက်သိမ်းခံရ ၊ ခေါင်းဆောင်များ ဖမ်းဆီးခံ

မလေးရှား ထိုင်းသံရုံးရှေ့ ဆန္ဒပြပွဲျေက်သိမ်းခံရ ၊ ခေါင်းဆောင်များ ဖမ်းဆီးခံ

Written By Live100 on Monday, December 28, 2015 | 10:46 PM








28.12.2015
မလေးရှား (သတင်း)
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဂျလန်း အမ်ပန်းပေါ်ရှိ ထိုင်းသံရုံးတွင် ဆန္ဒပြရန်စီစဉ်ထားသော ဆန္ဒပြပွဲ အတွက် လွန်ခဲ့သော ညက အစီစဉ်ပြောင်းရန် အကြောင်းကြားထားခဲ့သော်လည်း ။ စီစဉ်သူ မြန်မာအဖွဲ့အစည်းများမှ သိက္ခာအတွက် ပွဲမဖျက်ပဲ ဖမ်းဆီးခံကြရကြာင်း သိရှိရသည် ။

ပွဲဖြစ်မြောက်ရန် မလေးရှားရောက် မြန်မာလူမှုအဖွဲ့အစည်း အားလုံးပူးပေါင်းပါဝင်ကာ ဆန္ဒထုတ်ဖော်ပွဲ ကို ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ကြသည် ။
ပထမဦးစွာ ဆန္ဒပြပွဲအတွက် ခွင့်ပြုမိန့်ကျထားပြီးဖြစ်သည့် သို့သော် မနေ့ညက သက်ဆိုင်ရာများမှ ထိုင်သံရုံးသို့ တာဝန်ရှိသူ ၂ ဦးသာ ဝင်ရောက် ပြီး စာပေး ခွင့်ပြု ကြောင်း ဖုန်းဆက်အကြောင်း ကြားလာခဲ့သည် ။
သို့သော် ပွဲစီစဉ်သူ မြန်မာလူမှုအဖွဲ့အစည်းများမှ မလေးရှားရောက်မြန်မာများ အား စိတ်ပျက်အားငယ်ကာ ပြန်ရမည်ကို စိုးရိမ်ခြင်းကြောင်းတစ်ကြောင်း ၊ ကတိပေးကြော်ငြာထားခြင်းကို မဖျက်လိုသောကြောင့် တစ်ကြောင်း မြန်မာသံရုံးအနီးမှ ထိုင်းသံရုံးအထိ လမ်းလျှောက်သွားနေချိန်တွင် ရဲများမှ မြန်မာခေါင်းဆောင်များအား လိုက်လံဖဖ်းဆီးသောကြောင့် လူစုခွဲခဲ့ရပြီး ကိုစန်းဝင်းနှင့် ကိုချစ်ကောင်းအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည် ။
အဆိုပါဆန္ဒပြပွဲမှာ မည်သည့်အတွက်ကြောင့် ဖျက်သိမ်းကြောင်းရှင်းလင်းစွာ မသိရသေးသော်လည်း သွားရောက်ဆန္ဒ ထုတ်ဖော်သူများစွာ ဖြင့် ရအောင် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ပွဲစီစဉ်သူ ကိုချစ်ကောင်း (ရွေ့ပြောင်းအလုပ်သမားများကူညီရေးအဖွဲ့) နှင့် ကိုစန်းဝင် (ကပုန်းနာရေးကူညီမှုအသင်းဥက္ကဌ) တို့ ယနေ့ဆန္ဒပြပွဲအပြီး မလေးရှား အာဏာပိုင်များမှ ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရသည် ။
ယနေ့ ဆန္ဒထုတ်ဖော်သူများမှာ ကွာလာလမ်ပူမှ မြန်မာများ အပြင် မလေးရှား နိုင်ငံ အနယ်နယ်အရပ်ရပ်မှ မြန်မာများပါ ခက်ခဲဝေးလံစွာ လာရောက်ကြပြီး ထိုင်းသံရုံးရှေ့ ဆန္ဒပြဖြစ်အောင် ပြခဲ့ကြသည် ။ သံရုံးရှေ့ ဆန္ဒပြပွဲ ဖျက်ခံရသောကြောင့် ငြိမ်းချမ်းစွာ လမ်းလျှောက် ကာ ဆက်လက် ဆန္ဒပြသွားခဲ့ကြသည် ။
ဆန္ဒပြသူများအား ဖမ်းဆီးခြင်း ၊ အရေးယူခြင်း လုံးဝမရှိခဲ့ပါ ။ သို့သော် ပွဲအတွက် ပါမစ် လျှောက်ခံသူ တာဝန်ခံ ၂ ဦးဖြစ်သော ဦးစန်းဝင်း နှင် ဦးချစ်ကောင်းတို့ကိုမူ ဖမ်းဆီးသွားကြောင်းသိရသည် ။
ယနေ့ပွဲသို့ လာရောက်သူများအားလုံအား တာဝန်ခံ ၂ ဦးမှ အထူးကျေးဇူးတင်ရှိတင်ကြောင်းနှင့် ထိုင်းနိုင်ငံတွင် သေဒဏ်ကျခံရသော မြန်မာ လူငယ် နှစ်ဦး လွတ်မြောက်ပါစေကြောင်း ကိုစန်းဝင်း နှင့် ကိုချစ်ကောင်းတို့မှ ယာယီ အချုပ်မှ ဖုန်းဆက် ကာ ပါဝင်ပူးပေါင်းသူများကို လေးစားစွာ ကျေးဇူးစကား ပါးသွားကြောင်း မလေးရှားရောက်မြန်မာများ သိရှိစေရန် ရေးသားတင်ဆက်ပေးပါသည် ။
ကိုစန်းဝင် ဖေ့ဘွတ် တွင် လွန်ခဲ့သော ၅ မိနစ်က Zaw Lin Win Zaw Tun must Free ဟု လက်ထိပ်ခံရသောပုံကိုတွဲတင်ကာ အချုပ်ထဲမှ ဆန္ဒထုတ်ဖော်သွားခဲ့ကြောင်းတွေ့ရသည် ။
ဆက်လက် ပြီး အကြောင်းရင်းများ သိရှိရပါက ကျွန်တော်တို့ မပြတ် ဆက်တင်နေပါမည် ။
လိုအပ်ပါက ကျွန်တော်တို့ ဖမ်းဆီးခံရသော ထို တာဝန်ခံ ၂ ဦးအတွက် အဖက်ဖက်မှ ဝိုင်းဝန်း ကူညီပေးကြပါရန် မလေးရှားရောက်မြန်မာများ အား လေးစားစွာ အကူညီတောင်းခံ တိုက်တွန်းရပါသည် ။
မလေးရှားရောက်မြန်မာများ
www.facebook.com/mmrinmy
Photo : မြန်မာလူမှုကူညီရေးအသင်းများ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template