Headlines News :
Home » » ထိုင်းက မြန်မာများ ဆန္ဒပြမှုတွေ မလုပ်ဖို့ မြန်မာသံရုံး သတိပေး

ထိုင်းက မြန်မာများ ဆန္ဒပြမှုတွေ မလုပ်ဖို့ မြန်မာသံရုံး သတိပေး

Written By Live100 on Sunday, December 27, 2015 | 12:13 AM

လိပ်ကျွန်းလူသတ်မှုမှာ မြန်မာနိုင်ငံသား ၂ ဦးကို သေဒဏ်ချမှတ်ခံရမှု ပယ်ဖျက်နိုင်ဖို့ ရန်ကုန်မြို့မှာရှိတဲ့ ထိုင်းနိုင်ငံသံရုံးအနီးမှာ ဒီဇင်ဘာလ ၂၆ ရက်နေ့က ဆန္ဒဖော်ထုတ်နေကြစဉ်
Photo : Aung Thain Kha/RFA

ထိုင်းနိုင်ငံတောင်ပိုင်းက ခိုတောင်ကျွန်း လူသတ်မှုမှာ မြန်မာနိုင်ငံသား နှစ်ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့နှစ်ဦးကို သေဒဏ် ချမှတ်လိုက်တဲ့အတွက် ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဆန္ဒပြတာတွေ မလုပ်ဖို့ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကတစ်ဆင့် သတိပေးထားတယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ပြောပါတယ်။
ထိုင်းအစိုးရက ဆန္ဒပြမှုတွေကို တင်းတင်းကြပ်ကြပ် အရေးယူမှုတွေရှိနေတဲ့အတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားတွေအနေနဲ့ စိတ်ခံစားမှုလွန်ကဲပြီး ထိုင်းအစိုးရရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာတွေမလုပ်ဖို့ သတိပေးထားတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
ပြစ်ဒဏ်ချမှတ်ခံရပြီး ရက်ပေါင်း ၃ဝ အတွင်းတရားရုံးမှာ အယူခံပိုင်ခွင့်ရှိတာကြောင့်  အယူခံဝင်မှာဖြစ်သလို သံတမန်ရေးရာဆက်ဆံရေးအရလည်း ပြစ်ဒဏ်ချမှတ်မှုကို ပြင်ဆင်ဆောင် ရွက်ပေးဖို့အတွက် တောင်းဆို သွားမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်ကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံခဲ့ရပြီး အဲ့ဒီအမှုနဲ့ မြန်မာနိုင်ငံသားနှစ်ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ကော့စမွီ ခရိုင်တရားရုံးက သေဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ဦးဇော်ဌေးကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်
RFA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template