Headlines News :
Home » » ထိုင်းရေပိုက်နက်အတွင်း မြန်မာ ငါးဖမ်းလှေ တစ်စီး လုယက်ခံရ

ထိုင်းရေပိုက်နက်အတွင်း မြန်မာ ငါးဖမ်းလှေ တစ်စီး လုယက်ခံရ

Written By Live100 on Monday, December 28, 2015 | 12:15 PM


 ကော့သောင်း၊ ဒီဇင်ဘာ ၂၅
ပါချန်မြစ် ထိုင်းရေပိုင်နက်တွင် မြန်မာငါးဖမ်းစက်လှေတစ်စီး ဒီဇင်ဘာလ ၂၀ ရက်နေ့ညက လုယက်ခံခဲ့ရပြီးနောက် တစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း လုယက်ခံရမှုမှ ပြန်လည် လွတ်မြောက်လာသူများ ထံမှ သိရသည်။
ကော့သောင်းမြို့နယ် ၊ ပါချန်မြစ်အတွင်း ထိုင်းရေပိုင်နက် သို့ အရောက်တွင် အမည်မသိ စက်လှေတစ်စီး နဘေးတွင် လိုက်ပါလာပြီး သေနတ်၊ ဓား၊ ဒုတ်များ ကိုင်ဆောင်ထားသော လူလေးဦး လှေပေါ်တက်လာကာ ခြိမ်းခြောက်လုယက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
၎င်းတို့ လှေပေါ်ပါလာသူများကို ရိုက်နက်ကာ ရေထဲသို့ ပစ်ချခဲ့ပြီး လှေနှင့်အတူ ပါရှိလာသော ဂဏန်းများကို ယူဆောင်သွားခဲ့ကြောင်း လွတ်မြောက်လာသူ ဦးလွမ်းဝေက ပြောသည်။
"ကျွန်တော် တို့လှေပေါ် တက်လာတဲ့ လူ ၄ ယောက်က မျက်နှာကို အဝတ်မည်းတွေ စည်းထားလို့ ဘယ်သူ ဘယ်ဝါဆိုတာ မသိဘူး။ လူကို ရိုက်နှက် လက်ပြန်ကြိုးတုတ်ပြီး ရေထဲ ပစ်ချခဲ့တာ။ အဲဒီနောက် အသက်လုပြေးခဲ့ရတယ်”ဟု ၎င်း ကဆိုသည်။
၎င်းတို့၏ အဆိုအရ လှေပေါ်တွင် သူသုံးဦးနှင့် ကာလတန်ဖိုး ဘတ် ခုနှစ်သောင်းနီးပါး တန်ဖိုးရှိ  ဂဏန် ကီလို ၁၈၀ ပါလာသည်။  
“ရေထဲပစ်ချလိုက်တာနဲ့ လက်မှာတုတ်ထားတဲ့ ကြိုးတွေကို ကြိုးစား ဖြေပြီး အဖေ နဲ့ ကိုမင်းလတ် ကို လိုက်ရှာတယ်ခဲ့တယ်။ ခဏနေတော့ အဖေကိုပဲ တွေ့ပြီး ကိုမင်းလတ် ကို မတွေ့ဘူး။ ဒါနဲ့ ကမ်းကို ရေကူးလာ တော့ ထိုင်းငါးမျှားလှေတစ်စီးကို အကူအညီ တောင်းပြီး ဆေးရုံ ရောက်ခဲ့တာ”ဟု ဦးလွမ်းဝေ ၏ သားဖြစ်သူ ကဆိုသည်။
၎င်းတို့ ၃ ဦးအနက် ဦးလွမ်းဝေ နှင့် သားဖြစ်သူသာ ထွက်ပြေး လွှတ်မြောက်လာပြီး ဂဏန်းရောင်းရန် လမ်းကြုံ လိုက်လာသည့် အမျိုးသားတစ်ဦးမှာ ယနေ့အထိ ပျောက်ဆုံး နေကြောင်း ဦးလွမ်းဝေ ကဆိုသည်။
၎င်းတို့ နှစ်ဦးသည် ထိုင်းနိုင်ငံ ရနောင်းဆေးရုံတွင် ဆေးကုသမူ ခံယူလျက်ရှိသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပါတ်သက်၍ ဒီဇင်ဘာလ ၂၃ ရက်နေ့ တွင် ကော့သောင်းခရိုင်နယ်စပ် ဆက်ဆံရေးရုံးမှ ရဲမှူး သောင်းညွှန့် အဖွဲ့ တို့သည် ရနောင်းခရိုင် နယ်စပ် ဆက်ဆံရေးရုံးအဖွဲ့ တို့နှင့်အတူ ပါနမ်ရဲစခန်းတွင် အမူဖွင့်ခြင်း၊ လှေဆိပ်များတွင် အဆိုပါ လှေအား ရှာဖွေခြင်းများ ပြုလုပ်ခဲ့ ကြပြီး အမူမှန်ပေါ်ပေါက်ရေး ပူးပေါင်းဆောင်လျက်ရှိသည်ဟု ကော့သောင်းခရိုင်ရဲတပ်ဖွဲ့ ထံမှ စုံစမ်းသိရှိရသည်။ 
 Dawei Watch|
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template