Headlines News :
Home » » ကိုလံဘီယာတောမီး အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်

ကိုလံဘီယာတောမီး အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်

Written By Live100 on Wednesday, December 30, 2015 | 2:03 PM


တောင်အမေရိကနိုင်ငံ ကိုလံဘီယာရဲ့ အင်ဒီးစ်တောင်တန်းဒေသတလျှောက် လောင်ကျွမ်းနေတဲ့ တောမီးတွေကို ငြှိမ်းသတ်ဖို့ အစိုးရက စစ်တပ်တွေကို စေလွှတ်နေရပါတယ်။
အယ်လ်နီညို ရာသီဥတုရဲ့ လေဖိအားများရပ်ဝန်းမှာ ကျရောက်နေလို့ မိုးခေါင်မှု နောက်ဆက်တွဲဖြစ်ရပ်ကို နိုင်ငံဧရိယာရဲ့ ၈၀ ရာခိုင်နှုန်းထိ သက်ရောက်နေခဲ့တာပါ။
အစိုးရက တောမီးနဲ့ပတ်သက်ပြီး အနီရောင်အဆင့် တပ်လှန့်သတိပေးချက် ထုတ်ပြန်ထားရပါတယ်။
နိုင်ငံတလွှား အပူချိန်က ၃ ဒီဂရီကနေ ၄ ဒီဂရီ ဆဲလ်စီးယပ်စ်၊ ၇  ဒီဂရီကနေ ၈ ဒီဂရီ ဖာရင်ဟိုက်ထိ အပူချိန် မြင့်တက်နေတယ်လို့ ကိုလံဘီယာ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနက မှတ်ချက်ပြုပါတယ်။
ဒီနှစ်အတွင်း တောမီးအကြိမ်ရေ ၄၇၀၀ လောင်ကျွမ်းခဲ့လို့ သစ်တောဧကပေါင်း ၂ သိန်း ၆ သောင်းကို ဆုံးရှုံးခဲ့ပြီးပါပြီ။
တောမီးတွေက အင်ဒီးစ်တောင်တန်းတလျှောက် ဖြစ်ပွားနေပါတယ်။
အာဏာပိုင်တွေကတော့ ဒီပြဿ နာက ၂၀၁၆ ထိ ဆက်ဖြစ်နေမယ်လို့ မျှော်လင့်ထားပါတယ်။
အနီရောင်အဆင့် တပ်လှန့်မှုကြောင့် မီးသတ်သမားတွေနဲ့ တခြား ကယ်ဆယ်ရေး အေဂျင်စီတွေ စစ်တပ် ရဟတ်ယာဉ်တွေနဲ့အတူ မီးငြှိမ်းသတ်ဖို့ ရောက်လာကြပါပြီ။
ကိုလံဘီယာနိုင်ငံဟာ ဘရာဇီးနိုင်ငံပြီးရင် ကမ္ဘာမှာ ဇီဝမျိုးကွဲတွေ အကြွယ်ဝဆုံး နိုင်ငံလို့ သတ်မှတ်ခံထားရပါတယ်။
နိုင်ငံပိုင်နက်ရဲ့ တဝက်ကို သစ်တောဧက ၁၄၅ သန်းက ဖုံးလွှမ်းထားပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template