Dawei
Watch| ကော့သောင်း၊ ဒီဇင်ဘာ ၂၇
ကော့သောင်း-ရနောင်း
နေ့စဉ် ပုံမှန်ပြေးဆွဲနေသည့် ပဲ့ချိတ်မောင်းသူ များသည် ရနောင်းသို့ ပြေးဆွဲမှု
တစ်ရက်ရပ်နားကာ လိပ်ကျွန်း လူသတ်မူအရေး တောင်းဆိုဆန္ဒပြမူကို ဒီဇင်ဘာလ ၂၇ ရက်နေ့
နံနက် ပိုင်းတွင် ပြုလုပ်ခဲ့ကြသည်။
မြန်မာရွှေ့ပြောင်း
အလုပ်သမားနှစ်ဦး ထိုင်းနိုင်ငံ တွင် သေဒဏ် အပေးခံရသည့် ကိစ္စနှင့် ပတ်သက်
၍ တရားမျှတမူ ရရှိရေး အတွက် ထိုင်းဘုရင် မင်းမြတ် ဓာတ်ပုံ ပါ ဗွီနိုင်း ပိုစတာများ
ကိုင်ဆောင်ပြီး အမူမှန် ပေါ်ပေါက်ရေး တောင်းဆိုမူများပြုလုပ်ခဲ့ ကြသည်။
"မြန်မာအရေးကို
အလေးထားဆောက်ရွက်ပေးဖို့ တောင်းဆိုခြင်းဖြစ်ပါတယ်။ အတိုက်အခံ လုပ်ချင်လို့
မဟုတ်ပါဘူး။ မြန်မာအစိုးရ အနေနဲ့လည်း ပြည်သူတွေရဲ့ ခံစားချက်ကို လျစ်လျူရှု
မနေဖို့အရေး တောင်းဆိုခြင်းဖြစ်တယ်”ဟု ပဲ့ချိတ်မောင်းသူ ဦးကျော်ဦး ကဆိုသည်။
ဆန္ဒပြ
ခြင်းကို နံနက် ၈ နာရီ ၁၅ မိနစ် တွင် စတင်ခဲ့ပြီး ပဲ့ချိတ်ရပ်နားရာ မြို့မဈေးကြီး
မှ နာရီ စဉ်တစ်ပတ်ပတ်ကာ လှမ်းလျှောက်စုဝေး ဆန္ဒပြ ခဲ့ပြီး မနက် ၉နာရီ တွင်
ပြီးဆုံး ခဲ့သည်။