Headlines News :
Home » » ငွေပြန်မဆပ်သဖြင့် ပေါင်နှံစာရွက်စာတမ်းများ ရေစက်ချပြန်လှူ

ငွေပြန်မဆပ်သဖြင့် ပေါင်နှံစာရွက်စာတမ်းများ ရေစက်ချပြန်လှူ

Written By Live100 on Monday, December 28, 2015 | 9:36 PM



Dawei Watch| မြိတ်၊ ဒီဇင်ဘာ ၂၈

ချေးငှားထားသော်လည်း ပြန်မဆပ်သဖြင့်  ပေါင်နှံထားသောမြေယာပိုင်ဆိုင်မှု စာရွက်စာတမ်းများကို ရေစက်ချပြီး မူလပိုင်ရှင်များထံသို့ မြိတ်မြို့နယ် မစိုးရိမ်ကျောင်းတိုက်တွင် ဒီဇင်ဘာ ၂၇ ရက်တွင်  ပြန်လည်လှူဒါန်းခဲ့သည်။

၂၀၀၉-၂၀၁၀ ခုနှစ်မှစပြီး မြိတ်မြို့ပေါ် အပါအ၀င် တညက်၊ ပင်းအို၊ ဒေါ၊ အလယ်ချောင်း၊ ပုလဲကုန်း နှင့် ရေမြစ်ကြီး စသည့်ကျေးရွာပေါင်း ၅၄ ရွာမှ လူ ၁၀၀ ဦးကျော်ခန့်မှ မြေ၊ လယ်ယာ၊ ဥယျာဉ်၊ ခြံ၊ နေအိမ်တို့ကို ပေါင်နှံကာ ဒေါ်အေးအေးဝါနှင့် ဒေါ်အေးအေးဝါ၏ ကိုယ်စားလှယ် ဆိုသူတို့ထံတွင် ငွေကျပ် စုစုပေါင်း သိန်း ထောင်ချီ ချေးငှားခဲ့ခြင်းဖြစ်သည်။

“သူတို့လည်းပြန်လိုချင်ကြမှာပါ။ ချေးထားတဲ့ပိုက်ဆံလည်းပြန်မပေးဘူးဆိုတော့ ရေစက်ချပြီး ပြန်ပေးလိုက်တာပါ”ဟု မြေယာစာရွက်စာတမ်းများကို ပြန်လည်ပေးအပ်ခဲ့သူ ဒေါ်အေးအေးဝါ က ပြောသည်။

ထိုသို့ ပေါင်နှံထားသည့် လယ်ယာ၊ ဥယျာဉ်ခြံမြေ၊ အိမ်ယာများ ၄၄၈ ဧက ကျော် တန်ဖိုးငွေအားဖြင့် ကျပ်သိန်းတစ်ကျော်ကို ပိုင်ရှင် ၄၂ ဦးထံသို့ ယခုလဆန်းပိုင်းက မြိတ်မြို့နယ် တပ်ပြင်ရပ်ကွက် ကော့လိပ်ကုက္ကိုလ် ဘုန်းတော်ကြီးကျောင်းတွင် ပထမအကြိမ်
ပြန်လည်ပေးအပ်ခဲ့ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်သည်။

ယခုအကြိမ်တွင် လယ်ယာမြေမူလပိုင်ရှင် ၂၅ ဦးအတွက် ၉၃.၂၆၅ ဧက တန်ဖိုးအားဖြင့် ၄၅၆ သိန်းကျော်ခန့်ရှိပြီး ဆက်လက်ပြီး ကျန်ရှိနေသေးသည့် ပေါင်နှံထားသော မြေယာပိုင်ဆို်င်မှုအထောက်အထား များကို မူလပိုင်ရှင်များထံသို့ ပြန်လည်ပေးအပ်သွားမည် ဟု ဒေါ်အေးအေးဝါ က ပြောသည်။

ပေါင်နှံထားသည်ကိစ္စတို့တွင် ဒေါ်အေးအေးဝါ၊ မျက်နှာလွှဲ(ကိုယ်စားလှယ်)ဆိုသူတို့နှင့် ပေါင်နှံချေးငှားထားသူများအကြား တစ်ဖက်နှင့်တစ်ဖက် ငွေကြေးအရှုပ်အရှင်းများ ဖြစ်ပေါ်ခဲ့ကြသဖြင့်
ဥပဒေကြောင်းအရ တရားစွဲအရေးယူခြင်းတို့ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

“ငွေအကြေပြန်ဆပ်ထားသူတွေ မရှိပါဘူး။ တချို့ကတော့ ထက်ဝက်ခန့်ပြန်ဆပ်ပေးထားတွေရှိပါတယ်”ဟု ဒေါ်အေးအေးဝါက ပြောသည်။

ယင်းကဲ့သို့ ဖြစ်ပေါ်ပြီးနောက်တွင် ဒေါ်အေးအေးဝါ က မြေယာပိုင်ရှင်များဖြစ်ကြသည့် ပေါင်နှံထားသော မူလပိုင်ရှင်များထံသို့ စာရွက်စာတမ်းများကို ဆွမ်းကျွေးတရားနာ ရေစက်ချပြီး ပြန်လည်
ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ပေါင်နှံထားသူတစ်ချို့က ပြောသည်။

“ချေးထားတဲ့ပိုက်ဆံလည်း ပြန်မဆပ်နိုင်တော့ဘူး။ အခုလို ပြန်ပေးတော့လည်း လာယူတာပါ”ဟု လွတ်လွတ်ကျေးရွာနေ ဦးသိန်းထွန်းက ပြောသည်။

မူလပိုင်ရှင်များသို့ မြေယာပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများကို ပြန်လည်ပေးအပ်ခဲ့ရာတွင် ပေါင်နှံချေးငှားထားသူများမှ ချေးငွေကို အတိုးရောအရင်းပါ အကြေပေးဆပ်ပြီးသူများ၊ အတိုးဆပ်ပေးနေသူများနှင့် လုံးဝပြန်မပေးနိုင်သူများလည်း ရှိကြောင်း ပေါင်နှံချေးငှားထားသူ အချို့က ပြောပြသည်။

Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template