Headlines News :
Home » , » ၂ နှစ်အောက် ကလေးများအတွက် ထုတ်ထားသည့် စားသောက်ကုန်များ သိမ်းဆည်းမည်

၂ နှစ်အောက် ကလေးများအတွက် ထုတ်ထားသည့် စားသောက်ကုန်များ သိမ်းဆည်းမည်

Written By Live100 on Wednesday, December 30, 2015 | 2:04 PM


ကုန်အမှတ်တံဆိပ်သက်မှတ်ချက်တွေနဲ့ မကိုက်ညီဘဲ နို့စို့အရွယ်နဲ့ ၂ နှစ်အောက် ကလေးငယ်တွေအတွက် ထုတ်လုပ်ထားတဲ့ အစားအသောက်ကုန်တွေကို ဈေးကွက်အတွင်းက သိမ်းဆည်းနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။
အခုလိုဈေးကွက်ထဲကနေ သိမ်းဆည်းနိုင်ဖို့အတွက် ဈေးကွက်အတွင်း ဖြန့်ချိသူတွေနဲ့ တွေ့ဆုံပြီး အချိန်သက်မှတ်ချက်တခုကို ချမှတ်နိုင်ဖို့ စီစဉ်နေတယ်လို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နေ့က ပြုလုပ်တဲ့ နို့စို့ကလေးနဲ့ ကလေးသူငယ်အတွက် ဖော်စပ်ထုတ်လုပ်ထားတဲ့  အစားအသောက်တွေ ဈေးကွက်တင်ခြင်းဆိုင်ရာ အမိန့်နဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ အခုလို ပြောဆိုသွားတာပါ။
မြန်မာနိုင်ငံအနေနဲ့ ကလေးသူငယ်တွေရဲ့ နို့မှုန့်ထုတ်ကုန်တွေနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ချမှတ်ထားတဲ့ သဘောတူညီချက်တွေကို လက်မှတ်ထိုးထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။
ဒါပေမယ့် ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် ဖြန့်ချိရေးကုမ္ပဏီတွေအနေနဲ့ လိုက်နာမှု အားနည်းနေဆဲဖြစ်ပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template