Headlines News :
Home » » ကျောက်စိမ်းတူးဖော်မှုများနှင့်ဆက်စပ်၍ ပြည်နယ်အစိုးရအဖွဲ့အတွင်း အရေးယူမှုများရှိ

ကျောက်စိမ်းတူးဖော်မှုများနှင့်ဆက်စပ်၍ ပြည်နယ်အစိုးရအဖွဲ့အတွင်း အရေးယူမှုများရှိ

Written By Live100 on Friday, January 1, 2016 | 10:05 AM


ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်မှု များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်စဉ် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ ပြည်နယ်ဝန်ကြီး ချုပ် ရုံးတက်ခြင်းမရှိသကဲ့သို့ အစိုးရအဖွဲ့အတွင်း  ရာထူးဌာန ပြောင်းရွှေ့အရေးယူမှုများ ဆက်တိုက် ပြုလုပ်နေကြောင်း သတင်းရရှိသည်။
ဖားကန့်ဒေသတွင် ကျောက်စိမ်းထုတ်လုပ် မှုနှင့် တရားမဝင် ယာဉ်၊ ယန္တရားများပြဿနာ ကို ဒီဇင်ဘာ ၁၇ ရက်က စတင်၍ စုံစမ်းစစ်ဆေး ရေးခုံရုံးဖွဲ့ စစ်ဆေးနေပြီး ယခုရက်ပိုင်း၌ ကချင် ပြည်နယ်အစိုးရအဖွဲ့အတွင်း ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေ သည်။
ကချင်ပြည်နယ် လွှတ်တော် ရုံးမှ ရရှိသော သတင်းများအရ ဒီဇင်ဘာ ၃၀ ရက်တွင် ဖွင့်ခဲ့သည့် ပြည်နယ်လွှတ်တော်အဆောက် အအုံသစ်ကို ဝန်ကြီးချုပ် ဦးလ ဂျွန်ငန်ဆိုင်း မတက်ရောက်ဘဲ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော် ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းဇော်နှင့် ကချင်ပြည် နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံတို့က ဦးဆောင် ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။
ဦးလဂျွန်ငန်ဆိုင်း အစိုးရအ ဖွဲ့ရုံးသို့ မလာရောက်သည်မှာ ငါးရက်ခန့်ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။ ထို့အပြင် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ အရာရှိအချို့ ကို ခရီးသွားလာခွင့်ပိတ်ပင်ထား သည့်အပြင် ၎င်းတို့၏ ဘဏ်အကောင့်အချို့ကို ပိတ်ထားကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ကချင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးလှဝေကိုလည်း ရန်ကုန် တိုင်း မှော်ဘီမြို့နယ်ရှိ အုပ်ချုပ် မှု ပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း သို့  ပြောင်းရွှေ့လိုက်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ အ မည်မဖော်လိုသူ အရာရှိအချို့ထံ မှ သတင်းရရှိသည်။
‘‘အရေးယူတာတွေ ဆက် တိုက်လုပ်နေတယ်။ ပြည်နယ် ထွေအုပ် ညွှန်မှူးကတော့ ပြောင်း ရွှေ့စာထွက်လာပြီ။ အခု ပြောင်း ဖို့ ပြင်နေတယ်။ နောက်ထပ်လည်း ပြောင်းရမယ့်သူတွေ အသံမျိုးစုံ ထွက်နေတယ်’’ဟု ကချင်ပြည် နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးဝန်ထမ်းတစ်ဦးက ပြောသည်။
ဖားကန့်ကျောက်စိမ်းဒေသ စုံစမ်း စစ်ဆေးမှုများအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့အ တွင်း အပြစ်ပေးအရေးယူမှုအခြေ အနေများကို ကချင်ပြည်နယ် အ ထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော် သိန်းအား မေးမြန်းရာ စုံ/ခုံအဖွဲ့ ကိုသာမေးရန် ပြောသည်။
‘‘အဲဒီအဖွဲ့ (စုံစမ်းစစ်ဆေး ရေးအဖွဲ့)ကိုသာ မေးလိုက်။ ကျွန်တော်ကလည်း ကျွန်တော့်မေးရင် သွားဖြေလိုက်တယ်။ ဒါပဲလုပ်နေ ရတာ’’ဟု ကချင်ပြည်နယ်အစိုးရ အဖွဲ့မှ အရာရှိတစ်ဦးက ပြော ကြားသည်။
အစိုးရလက်ကျန်သက်တမ်း အတွင်း ဖားကန့်ဒေသမှ ကျောက် စိမ်းများကို စက်ယန္တရားကြီးများ ဖြင့် တူးဖော်နေကြောင်း သတင်း များထွက်ပေါ်လာပြီးနောက် ဖား ကန့်ဒေသကျောက်စိမ်းထုတ်လုပ် မှုနှင့်ပတ်သက်သော ဖြစ်စဉ်များ ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်၍ အဖွဲ့ဝင်လေးဦးပါဝင်သော စုံစမ်း စစ်ဆေးရေးအဖွဲ့က ကွင်းဆင်း စစ်ဆေးနေခြင်းဖြစ်သည်။
7 Day http://www.7daydaily.com/story/54611
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template