Headlines News :
Home » » မစၥတာနမ္ဘီယား မိတ္ထီလာမြို့သို့ သွားရောက်

မစ္စတာနမ်ဘီယား မိတ္ထီလာမြို့သို့ သွားရောက်

Written By လွင့်မောင်မောင် on Sunday, March 24, 2013 | 5:55 PM


မိတ္ထီလာ၊ မတ် ၂၄။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူး
ကိုယ်စားလှယ် မစ္စတာဗီဂျေး နမ်ဘီယားသည် ပဋိ
ပက္ခများ ဖြစ်ပွားမှုကြောင့် အရေးပေါ် အခြေအနေ
ထုတ်ပြန်ထားသော မိတ္ထီလာမြို့သို့ ယနေ့မနက်(၉)နာရီ အချိန်က ရောက်ရှိကြောင်း သိရသည်။

မစ္စတာနမ်ဘီယားသည် အစ္စလာမ်ဘာသာဝင် ဒုက္ခသည်
အများဆုံးရှိရာ မိတ္ထီလာမြို့ ခရိုင်အားကစားကွင်းသို့
သွားရောက်တွေ့ဆုံ အားပေးခဲ့သည်။ ထို့နောက် အစ္စလာမ်
ဘာသာဝင် ဒုက္ခသည်များရှိသည့် ကျန်းမာရေးဌာန တစ်ခုနှင့်
လေ့ကျင့်ရေး အလယ်တန်းကျောင်းတို့အား ထပ်မံ
သွားရောက်ခဲ့သည်။

“ကျွန်တော်တို့ လိုချင်တာ မိသားစု စည်းစည်းလုံးလုံး နေရ
ဖို့ပဲ၊ ကျန်တာ ဘာမှမလိုချင်ဘူး” ဟု လေ့ကျင့်ရေး အလယ်
တန်း ကျောင်းမှ အစ္စလာမ်ဘာသာဝင် ဒုက္ခသည်တစ်ဦးက
ပြောသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်၍ မိတ္ထီလာမြို့သို့ ရောက်ရှိနေသော
ဆရာတော် အရှင်ဆေကိန္ဒမှ ယခုလက်ရှိ ဖြစ်ပွားနေသော
ပဋိပက္ခများနှင့် ပတ်ပက်၍ နှစ်ဦးနှစ်ဘက် ပြေလည် သွားရန်
ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ယခုလာရောက်ရခြင်း
သည်လည်း ငြိမ်းငြိမ်းချမ်းချမ်း ပြန်လည်နေထိုင်နိုင်စေရန်
ဖြစ်ကြောင်း မိန့်ကြားသည်။

ဆက်လက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာနမ်ဘီယား အပါအဝင် ဆရာတော် အရှင်ဆေကိန္ဒ၊
ရွှေညဝါဆရာတော်၊ ဦးဝီရသူ၊ ပြည်ထောင်စုဝန်ကြီး
ဦးအောင်မင်းနှင့် ဦးခင်ရီတို့က မြန်မာဒုက္ခသည်များ ရောက်
ရှိနေသောသာသနဝေပုလ္လ တက္ကသိုလ် ကျောင်းတိုက်
သို့ သွားရောက်ခဲ့ကြသည်။

ရွှေညဝါ ဆရာတော်က “ကျုပ်ပြောမယ်၊ ဒါ ကျုပ်တို့နိုင်ငံ
ဖြစ်တဲ့အတွက် နိုင်ငံနဲ့ ဆိုင်ရင်တော့ ကျုပ်ကိုယ်တိုင်
ဦးဆောင်ပြီးလုပ်မယ်၊ အခုအခြေအနေမှာတော့ ခင်ဗျား
တို့ ဝင်လုပ်စရာ မလိုသေးဘူး”ဟု အဆိုပါ ကျောင်းတိုက်ရှိ
ကိုရင်တချို့အား ဆုံးမမိန့်ကြားသည်။

ဆက်လက်၍ မစ္စတာ နမ်ဘီယားမှ ၎င်းမြင်တွေ့ခဲ့ရသည့် အတွေ့အကြုံများနှင့် ပတ်သက်၍ မွန်းတည့်(၁၂)နာရီခွဲ
အချိန်တွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး နှစ်ဘက်
ဘာသာရေး aခါင်းဆောင်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့်
ဆက်လက် ဆွေးနွေးတိုင်ပင်နေကြကြောင်း သိရသည်။

သိန်းမင်းအောင်
ဓာတ်ပုံ - ministryofinformation.gov.mm
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template