သူတို့ ဖမ်းဆီးခံရသည်မှာ ၁၁ ရက် ရှိလာပြီး နောက်ပိုင်းတွင် သူတို့ လွှတ်မြောက်ရေး အတွက် ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ မြန်မာ သံအမတ်ကြီးကို မေတ္တာရပ်ခံ တောင်းဆို ထားခြင်း ဖြစ်သည်ဟု ဆိုသည်။
မြန်မာ နယ်စပ် နစက တပ်ဖွဲ့မှ မိမိတို့ အနေဖြင့် ဖမ်းဆီးထားသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား (၄) ဦးကို လွှတ်ပေးရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း၊ အထက်အမိန့်ကို စောင့်ဆိုင်းနေရ၍ ကြန့်ကြာနေခြင်း ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ BGB ကို အကြောင်းပြန်ကြားပြီးနောက် မြန်မာ သံအမတ်ကို နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တောင်းဆိုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ရဲသား ၃ ဦး အပါအ၀င် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား တစ်ဦးတို့သည် မြန်မာနိုင်ငံအထဲထိ လျို့ဝှက် ၀င်ရောက်ပြီး ဓါတ်ပုံရိုက်ရာမှ မြန်မာ လုံခြုံရေး တပ်ဖွဲ့ နစကမှ ယခုလ ၁၃ ရက်နေ့က ဖမ်းဆီးခဲ့သည်။
နိရဉ္စရာ