Headlines News :
Home » » ရွာမသဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ၌ ဓာတ်အားပေး စက်များ အသစ်တိုးချဲ့ တည်ဆောက်လျက်ရှိ

ရွာမသဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ၌ ဓာတ်အားပေး စက်များ အသစ်တိုးချဲ့ တည်ဆောက်လျက်ရှိ

Written By လွင့်မောင်မောင် on Wednesday, March 27, 2013 | 9:09 AM


  လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးသည် မတ် ၂၃ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီးအတွင်း သဘာဝ ဓာတ်ငွေ့သုံး စက်ရုံများတွင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ကြီးများကို တိုးချဲ့ တည်ဆောက်လျက် ရှိသည့် ရွာမစက်ရုံ ဝင်းအတွင်း

4MW _ 13=52 MW ဓာတ်အားပေး စက်များ တည်ဆောက်နေ မှုကို ကြည့်ရှု စစ်ဆေးပြီး ယခုနှစ် နွေရာသီအမီ ဓာတ်အားပေး နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရန်နှင့် စက်ရုံမှ ထွက်လာသော ဓာတ်အားများကို နိုင်ငံတော် ဓာတ်အားစနစ် အတွင်း ချိတ်ဆက်၍ ပြည်သူလူထုသို့ ဓာတ်အား အပြည့်အဝ ပေးနိုင်ရေး အလေးထား ဆောင်ရွက်သွားရန်၊ လုပ်ငန်း လိုအပ်ချက်များအား အချိန်နှင့် တစ်ပြေးညီ တင်ပြရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး စနစ်တကျ ဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ၅၂ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံ တည်ဆောက်မည့် Gas Generator ၁၃ လုံး တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ထိုင်းနိုင်ငံမှ လွှဲပြောင်း ပေးအပ်သော ၁၂ဝ မဂ္ဂါဝပ် ဓာတ်အား ပေးစက်နှစ်လုံး တည်ဆောက်မည့် မြေ နေရာ ရွေးချယ်ထားရှိမှု၊ Foundation Pile ရိုက်ခြင်း လုပ်ငန်းများဆောင်ရွက် နေမှုနှင့် ရွာမ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှ အမှတ်(၃) NEDO စက်အား အကြီးစား ပြုပြင် ဆောင်ရွက်နေမှု တို့ကို ကြည့်ရှု စစ်ဆေးခဲ့သည်။

နိုင်ငံတော်နှင့် ပြည်သူလူထု၏ ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်း ညပေးနိုင်ရေး အတွက် အလုံ ဓာတ်အားပေး စက်ရုံတွင် ၁၂ဝ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံ၊ လှော်ကား ဓာတ်အားပေး စက်ရုံ နှင့် သာကေတ ဓာတ်အားပေး စက်ရုံ များတွင် ၅ဝ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံများကို တစ်ပြိုင်တည်း အကောင်အထည်ဖော် တည်ဆောက်လျက်ရှိပြီး ထွက်ရှိလာသော ဓာတ်အားများကို နိုင်ငံတော် ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ ယခုနှစ် နွေရာသီအမီ ရန်ကုန်တိုင်း ဒေသကြီး အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဓာတ်အား အပြည့်အဝ ပေးနိုင်ရေး လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန အနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

http://bit.ly/11FVTwt
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template