Headlines News :
Home » » မိတ္တီလာ အခြေအနေ တည်ငြိမ်လာပြီ

မိတ္တီလာ အခြေအနေ တည်ငြိမ်လာပြီ

Written By လွင့်မောင်မောင် on Monday, March 25, 2013 | 9:59 AM

 
မိတ္ထီလာမြို့မှာ အရေးပေါ် အခြေအနေ ကြေညာပြီးနောက်ပိုင်း အခြေအနေ အေးဆေးတည်ငြိမ်လာပြီ
ဖြစ်ကြောင်း နိုင်ငံပိုင်  ရုပ်မြင်သံကြားက ဆက်တိုက်အသိပေးကြေညာနေပါတယ်။
အရေးပေါ် အခြေအနေကြေညာပြီး စစ်တပ်က ပဋိပက္ခကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေကို ဖယ်ရှားပေးကြပြီး မြို့အခြေအနေတွေလည်း လူသွား လူလာတွေနဲ့ ပုံမှန်အခြေအနေကို ဦးတည်လာနေပြီဖြစ်တယ်လို့ သိရပါ တယ်။

ယမန်နေ့ကတော့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာအထူးကိုယ်စားလှယ်
ဖြစ်သူ မစ္စတာ ဗီဂျေနမ်ဗီးယားဟာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းအပါအ၀င် အစိုးရ တာဝန်ရှိသူတွေနဲ့ မိတ္ထီလာကို သွားခဲ့ကြပြီး ဒုက္ခသည်စခန်းတွေနဲ့ ဆေးရုံတွေကို သွားကာ နှစ်သိမ့် အားပေးစကားတွေ လည်း ပြောကြပါတယ်။

ရွှေည၀ါ ဆရာတော်၊ အရှင်ဆေကိန္ဒအပါအ၀င် ဘာသာရေး ခေါင်းဆောင်တွေနဲ့လည်း မစ္စတာ နမ်ဗီယား က တွေ့ဆုံခဲ့ပြီး ဘာသာရေး ခေါင်းဆောင်များကပါ မြို့အခြေအနေကို ၀င်ရောက် ထိန်းသိမ်းပေးလို့ ၀မ်းမြောက်ရကြောင်း၊ ထိခိုက်ပျက်ဆီး ဆုံးရှုံးမှုတွေကြောင့် စိတ်မကောင်းဖြစ်မိကြောင်း  မစ္စတာ နမ်ဗီယား က ပြောသွားပါတယ်။

ဒါပေမယ့် မိတ္ထီလာနဲ့ တဆက်တည်း  လယ်ဝေးနဲ့ ရမည်းသင်းမြို့နယ်တွေမှာ မီးရှို့ဖျက်ဆီးမှုတွေ ရှိခဲ့ပြီး ရဲတပ်ဖွဲ့က အရေးယူထားတယ်လို့လည်း သိရပါတယ်။

 "မိတ္ထီလာမြို့ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ်မှာပါဝင်ခဲ့သူဟု ယူဆရသူ ၁၃ ဦး၊ လယ်ဝေးမြို့ ရုံးပင်ကျေးရွာ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သူ ဟု ယူဆရသူ ၅ ဦးနဲ့ ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ်မှာ ပါဝင်ခဲ့သူဟု ယူဆရသူ ၁၇ ဦးတို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်း သိမ်းထားပြီး ဥပဒေနဲ့ အညီ အရေးယူဖို့ ဆောင်ရွက်နေကြောင်း၊ မိတ္ထီလာမှာ တုတ်? ဓား လက်နက် ? ကိုင်ဆောင်သွားလာသူ ၅၂ ဦးကို ဖမ်းဆီးပြီး ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့ကြောင်း မြန်မာ့အသံနဲ့ ရုပ်မြင် သံကြား ညနေ လေးနာရီသတင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်" လို့ ပြန်ကြားရေး ဒုဝန်ကြီးကလည်း သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြရေးသားထားပါတယ်။ 

မတ်လ ၂၅ ရက်နေ့ ကြေးမုံသတင်းစာ

လက်ရှိအခြေအနေမှာ မိတ္ထီလာ အခြေအနေတည်ငြိမ်စပြုလာပြီဆိုပေမယ့် အလားတူ ဖြစ်ရပ်မျိုး အခြား နယ်တွေ ကို မကူးစက်ရေး ဒေသခံတွေရော၊ အာဏာပိုင်တွေပါ ကြိုးစားနေကြတယ်လို့ သိရပါတယ်။


အိမ့်သံစဉ် ~ -
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template