 |
ABSDF
ဥက္ကဋ္ဌ ရဲဘော် သံခဲနဲ့ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းတို့ ပြည်နယ်အဆင့်
အပစ်ရပ် လက်မှတ်ထိုးစဉ်က မြင်ကွင်း၊ ဓာတ်ပုံ- Nyo Ohn Myint
|
ရှစ်လေးလုံး ဒီမိုကရေစီ
အရေးတော်ပုံကြီးက မွေးဖွားပေးခဲ့တဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ
ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဟာ အစိုးရ ငြိမ်းချမ်းရေး
ဖော်ဆောင်ရေးအဖွဲ့နဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့က ပြည်ထောင်စု အဆင့်
အပစ်အခတ်ရပ်စဲရေး အချက် ၁၂ ချက်ကို လက်မှတ်ရေးထိုးလိုက်ကြ ပါပြီ။
အဆိုပါ ၁၂ ချက်နဲ့ပတ်သက်ပြီး "ABSDF
ဖက်က လက်မှတ်ထိုးတာက ၈ ယောက်ပါ။ အသိသက်သေတွေ ကတော့ ကိုမင်းကိုနိုင်၊
ကိုကိုကြီးနဲ့ ကိုမြအေး၊ ပြီးတော့ ဦေးအားသာအောင်နဲ့ နောက်ထပ် UNA တဦး
တို့ပါ" လို့ ABSDF ကိုယ်စားလှယ် တဦးဖြစ်သူ မိဆူးပွင့်က ဧရာဝတီကို
ပြောပါတယ်။
တချိန်က ABSDF
ဥက္ကဋ္ဌဟောင်းတဦးဖြစ်သူ မြန်မာနိုင်ရောက် ဦးမိုးသီးဇွန်က အခုလို ABSDF နဲ့
မြန်မာ အစိုးရ တို့ကြား အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စု
အဆင့် လက်မှတ် ရေးထိုး လိုက်ပြီး ဖြစ်ပေမယ့် နိုင်ငံရေးအရ ဆွေးနွေးမှုတွေ
ဆက်လုပ်ရမယ်လို့ ပြောပါတယ်။
"အပစ် ရပ်ထားပြိးရင် နစ်ဦးနစ်ဖက် ကတိက၀တ်တွေကို စောင့်
ထိမ်းကြဖို့ နဲ့ နိင်ငံရေးအရ အဖြေ ရှာကြ ဖို့ လိုတယ်
ငြိမ်းချမ်းရေးအရတော့ အပြစ်ခတ်ရပ်ဆဲရေးဟာ ဖြစ်စဉ်တခု လိုအပ်ပါတယ်" လို့
သူက ဧရာဝတီ ကို ပြောပါတယ်။
မြန်မာအစိုးရနဲ့ ABSDF တို့ ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အပြည့်အစုံကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။