ဒီနေ့ ပြည်သူ့လွှတ်တော်ကို တင်သွင်းတဲ့ အစီရင်ခံစာထဲမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ မြေယာအငြင်းပွားမှုတွေ၊ ရာဇ၀တ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားတာပါ။ရဲတွေက ရာဇ၀တ်မှုကျူးလွန်တဲ့ တရားခံတွေကို တိတိကျကျ မဖော်ထုတ်နိုင်ခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို မျက်ကွယ်ပြုထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တရားရုံးမှာ အမှုလိုက်ရှေ့နေတွေကလည်း ကျင့်ဝတ်၊ ဥပဒေနဲ့အညီ လုပ်ကိုင်ဖို့ လိုအပ်နေခြင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးတွေဟာ ရပ်ကွက်အုပ်ချုပ်ရေး ဥပဒေကို ချိုးဖောက်ပြီး ရက်ကွက် အုပ်ချုပ်ရေးမှူးတွေကို ပြည်သူလူထုရဲ့ဆန္ဒကို ဆန့်ကျင်ပြီး ရွေးချယ်နေကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကလည်း လောင်းကစားမှုတွေကို မသိကျိုးကျွန် ပြုထားကြောင်း စသဖြင့် ဖော်ပြထားပါတယ်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလလို့ ဗဟိုက လမ်းညွှန်ပြောကြားနေပေမယ့် အဆင့်ဆင့်သော အုပ်ချုပ်ရေးပိုင်းမှာ အကျင့်ဟောင်းတွေ၊ အကျင့်ပျက်ခြစားတာတွေ မပျောက်မပျက် ဆက်ရှိနေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီနေ့တင်သွင်းခဲ့တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီအဖွဲ့ဝင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် လွှတ်တော်အမတ် ဒေါ်ခင်စောဝေနဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။
by ကိုထွေး(ဒီဗွီဘီ)