Photo-www.flickr.com |
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထိုင်းနိုင်ငံသို့ပြန်မည့် ထိုင်းနိုင်ငံသား တစ်ဦးထံမှ ကျည်ဆန်တောင့်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကျူးလွန်တဲ့သူကို အမှုဖွင့်ပြီး တရားရုံးကို အမြန်ဆုံး တင်ပို့စွဲဆိုနိုင်ဖို့ စစ်ဆေးနေတယ်။ ရဲလုပ်ငန်းတွေအရ ဒီကျည်ဆန်တွေကို ဘယ်က၀ယ်တယ်။ ဘယ်ကသယ်လာတယ်။ ဘာကြောင့် ယူလာတယ် ဆိုတာတွေကို စစ်ဆေးမေးမြန်းတဲ့ အခါမှာ သူ့ဘက်ကတော့ ဒီကျည်ဆန်တွေ ပါလာတယ် ဆိုတာတောင် မသိဘူးဆိုပြီးတော့ ဇွတ်ငြင်းနေပါတယ် . . . . . |
"ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ကျူးလွန်တဲ့သူကို အမှုဖွင့်ပြီး တရားရုံးကို အမြန်ဆုံး တင်ပို့စွဲဆိုနိုင်ဖို့ စစ်ဆေးနေတယ်။ ရဲလုပ်ငန်းတွေအရ ဒီကျည်ဆန်တွေကို ဘယ်က၀ယ်တယ်။ ဘယ်ကသယ်လာတယ်။ ဘာကြောင့် ယူလာတယ် ဆိုတာတွေကို စစ်ဆေးမေးမြန်းတဲ့ အခါမှာ သူ့ဘက်ကတော့ ဒီကျည်ဆန်တွေ ပါလာတယ် ဆိုတာတောင် မသိဘူးဆိုပြီးတော့ ဇွတ်ငြင်းနေပါတယ်" ဟု သြဂုတ် ၁၄ ရက် နံနက်ပိုင်းက မင်္ဂလာဒုံ မြို့မရဲစခန်းမှ တပ်ဖွဲ့မှူး ရဲမှူးအောင်သိမ်းဝင်းက ပြောကြားသည်။
ထိုသို့ လက်နက်ခဲယမ်းများ တရားမ၀င် လက်ဝယ်တွေ့ရှိသူ Ms.Gomes Suraphanapa အား မင်္ဂလာဒုံ ရဲစခန်းက (ပ)၅၀၅/၁၃ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့်ပြီး ၎င်းအားဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။