Headlines News :
Home » » ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးအတွက် ကျောင်းသားလူငယ်များသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ရှစ်လေးလုံး ငွေရတုအရေးတော်ပုံ အခမ်းအနားသို့ ပေးပို့သည့် သ၀ဏ်လွှာတွင် ပြောကြား

ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးအတွက် ကျောင်းသားလူငယ်များသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ရှစ်လေးလုံး ငွေရတုအရေးတော်ပုံ အခမ်းအနားသို့ ပေးပို့သည့် သ၀ဏ်လွှာတွင် ပြောကြား

Written By လွင့်မောင်မောင် on Friday, August 9, 2013 | 10:52 PM


မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက် စေခဲ့သည့် အကြောင်းတရားများတွင် ကျောင်းသားလူငယ်များ၏ ပြင်းပြသော စိတ်ဓာတ်ခံယူချက်နှင့် အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ခဲ့မှု များမှာ အရေးကြီးသည့် ကဏ္ဍတစ်နေရာတွင် ပါဝင်ခဲ့သည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သြဂုတ် ၈ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့သည် ရှစ်လေးလုံး ငွေရတု အရေးတော်ပုံ အခမ်းအနားသို့ ပေးပို့သည့် သ၀ဏ်လွှာတွင် ပြောကြားသည်။
ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း ပြည်သူများ၏ ဒီမိုကရေစီအရေး တောင်းဆိုလှုပ်ရှားမှုများတွင် ရှစ်လေးလုံး ဒီမိုကရေစီ တောင်းဆိုကြိုးပမ်းမှုလည်း ပါဝင်ခဲ့ကြောင်း၊ ယင်းတို့၏ အကျိုးဆက်အဖြစ် ၂၀၁၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ် အထွေထွေ ရွေးကောက်ပွဲကြီး တစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်ခဲ့ပြီး ထိုရွေးကောက်ပွဲကြီးမှ တစ်ဆင့် ယနေ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် လွှတ်တော်အသီးသီး ပေါ်ပေါက်လာခဲ့ကာ ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်ပြီ ဖြစ်ကြောင်း သူရဦးရွှေမန်း၏ သ၀ဏ်လွှာ၌ ဖော်ပြထားသည်။
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု ကြေညာစာတမ်းတွင် ပါဝင်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး တိုင်းရင်းသား တန်းတူညီမျှရေး ပြည်ထောင်စုစနစ် ပေါ်ထွန်းရေးစသည့် အခြေခံမူများအား ကိုင်ဆွဲ၍ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ၀ိုင်းဝန်း တည်ထောင်မည်ဆိုသည့် အပြုသဘောဆောင်သော ထုတ်ပြန်မှုအပေါ် ၀မ်းမြောက်စွာဖြင့် ကြိုဆိုသည်ဟု သူရဦးရွှေမန်း၏ သ၀ဏ်လွှာတွင် ပါဝင်သည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်ရင်းသား ပြည်သူတစ်ရပ်လုံး အတူတစ်ကွ လက်တွဲပူးပေါင်းပြီး ကြုံတွေ့လာရမည့် နိုင်ငံရေး စိန်ခေါ်မှုများကို အောင်မြင်စွာ ကျော်လွှားနိုင်ကြ ပါစေကြောင်း ဆန္ဒပြုတိုက်တွန်းရင်း ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားအား ဂုဏ်ပြုလိုက်ပါသည်ဟုလည်း သူရဦးရွှေမန်းက ပြောကြားသည်။
ရှစ်လေးလုံးငွေရတု အရေးတော်ပုံ အခမ်းအနားကို ရန်ကုန်မြို့၌ သြဂုတ် ၆ ရက်၊ ၇ ရက်နှင့် ၈ ရက်များတွင် ကျင်းပခဲ့ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၊ နိုင်ငံရေး ပါတီများ၊ နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ စသည့် နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများမှ သ၀ဏ်လွှာပေါင်း ၅၅ ခု ပေးပို့ခဲ့သည်။
Eleven
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template