Headlines News :
Home » » ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ယုံကြည်မှုအပြည့်နဲ့ပြန်လာတယ်ဆိုသောကျောင်းသား တပ်မတော်

ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ယုံကြည်မှုအပြည့်နဲ့ပြန်လာတယ်ဆိုသောကျောင်းသား တပ်မတော်

Written By လွင့်မောင်မောင် on Tuesday, August 6, 2013 | 12:06 AM

မြန်မာပြည်တွင်ပြည်တွင်း ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန် လည်သင့်မြတ်ရေးဖော်ဆောင်နိုင် ရန်အတွက်မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(ABSDF)မှကိုယ်စားလှယ် များသည်သြဂုတ်(၄)ရက်ညနေ (၆း၄၅)တွင်မင်္ဂလာဒုံအပြည်ြ

ည် ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာကြ သည်။ရောက်ရှိလာသောကိုယ်စား လှယ်(၃၄)ဦးကငြိမ်းချမ်းရေးအတွက် ရှေ့လုပ်ငန်းစဉ်များကို ဆက်လက် ဆွေးနွေးသွားမည်ဟု သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်တစ်တပ်ဦး (ABSDF)ဥက္ကဌကိုသံခဲက““မြန်မာ နိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးအနေဖြင့် ကျောင်းသားတပ်မတော်ကိုယ်စား လှယ်များက ရဟန်းရှင်လူမိဘ ပြည်သူများကိုဦးညွတ်နှုတ်ခွန်း ဆက်သပါသည်။ ဤခရီးစဉ်သည် (မကဒတ)အတွက်(၂၅)နှစ်တာ အတွင်းအရေးကြီးတဲ့အစိတ်ပိုင်း ဖြစ်သလိုမြန်မာနိုင်ငံရေးသမိုင်း အတွက်ရုန်းကန်လှုပ်ရှားမှုတွေထဲ ကတစ်ခုလိုအလေးနက်မှတ်ယူ ပါတယ်””ဟုပြောသည်။
ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက်လက်ရှိပြည်တွင်းငြိမ်းချမ်း ရေးကော်မတီနှင့်တရားဝင်ဆွေး နွေးမှုကိုသြဂုတ်လ(၅)ရက်နေ့တွင် ပြုလုပ်မည်ဟုသိရသည်။
““အမျိုးသားပြန်လည်သင့်မြတ် ရေးဆိုတာ တစ်ဦးတည်း၊ တစ်ဖွဲ့ တည်း၊ တစ်ဦးကောင်းတစ်ဖွဲ့ ကောင်းဖြင့်လုပ်လို့မရနိုင်ဘူးဆို တာနားလည်ထားပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးနှင့်အမျိုး သားပြန်လည်သင့်မြတ်ရေးအတွက် တစ်ဖွဲ့ခြင်း၊ တစ်ဦးတစ်ယောက် ခြင်းလက်တွဲဆောင်ရွက်နိုင်မှ တော်ကာကြမည်ဟုယူဆပါတယ်။ ထို့အတွက်ကျွန်တော်တို့မကဒတ သည်ပွင့်ပွင့်လင်းလင်းရိုးရိုးသား သားတိုင်းပြည်နှင့်ပြည်သူလူထု အတွက်ဒီမိုကရေစီအရေးနှင့်မြန်မာ ပြည်တွင်ဆင်းရဲမွဲတေမှုကိုခံစား နေရတာ(၅၀)ကျော်ခဲ့ပါပြီ။ ဒါကြောင့်အာဏာရှင်ပပျောက်ရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်စနစ် တည်ဆောက်နိုင်ရေးအတွက် ပြည်သူလူထုနဲ့တိုင်းရင်းသားအကြို စီးပွားရေးကိုရှေ့ရှုပြီးအကောင်း ဆုံးကြိုးပမ်းဆောင်ရွက်သွားမည် ဟု””ကတိပြုထပ်ဆင့်ပြောသည်။
ယခုခရီးစဉ်တွင်မကဒတ၊ တောင်ပိုင်း၊ မြောက်ပိုင်းမှ ကိုယ်စားလှယ်များတပ်ရင်းတပ်ဖွဲ့ များအစွမ်းကုန်စုဖွဲ့ထားသော ကိုယ်စားလှယ်အဖွဲ့ဖြစ်ကြောင်း သိရသည်။ ကိုယ်စားလှယ်များ အနေဖြင့်ဖြစ်ပေါ်သမျှကိုရိုးရိုးသား သားပွင့်ပွင့်လင်းလင်းရှင်းပြသွားမည် ဖြစ်ကြောင်းသိရသည်။ အာဏာ ရှင်ပပျောက်ရေးနှင့်တိုင်းပြည် အတွက်လည်းကောင်းအားလုံး နှင့်လက်တွဲရန်အသင့်ရှိကြောင်း သိရသည်။
ကိုသံခဲ၏အမဖြစ်သူပြော ကြားချက်မှာ““မောင်လေးနဲ့ကျွန်မ တို့မိသားစုကွဲကွာခဲ့တာနှစ်ပေါင်း (၂၅)နှစ်ရှိခဲ့ပါပြီ။ အခုမောင်လေး ပြန်လာတော့အတိုင်းမသိဝမ်းသာ ရပါတယ်။ (၂၅)နှစ်အတွင်းမှ ဒုတိယအကြိမ်ပြန်တွေ့ရလို့ဝမ်း သာရပါတယ်””ဟုပြောသည်။
ကျောင်းသားတပ်မတော် ကိုယ်စားလှယ်များသည်သြဂုတ် လ(၅)ရက်နေ့တွင်ပြည်တွင်းငြိမ်း ချမ်းရေးဖော်ဆောင်မှုကော်မတီ နှင့်တွေ့ဆုံပြီးငွေရတုအခမ်းနား ကိုတက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။
မျိုးကျော်The Hot News
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template