Headlines News :
Home » » ၀ဏ္ဏသိဒ္ဓိအားကစားကွင်း၌ ရမ်းကားခဲ့သောပရိသတ်များ စတင်ဖမ်းဆီး

ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ရမ်းကားခဲ့သောပရိသတ်များ စတင်ဖမ်းဆီး

Written By လွင့်မောင်မောင် on Friday, August 9, 2013 | 10:31 PM


ထိုင်ခုံတွေ ကွင်းထဲရောက်ပြီး ပွဲပျက်သွားတဲ့ နေပြည်တော်ဘောလုံးပွဲ

  ၂၀၁၃ မြန်မာလိဂ်ဘောလုံးရာသီ၏ နောက်ဆုံးပွဲစဉ်ဖြစ်သည့် နေပြည်တော်-ရန်ကုန် ပွဲစဉ်တွင် ရမ်းကားခဲ့သော ပရိသတ်အချို့အနက် ၁၂ ဦးကို စတင်ဖမ်းဆီး စစ်ဆေးနေ ပြီဖြစ်ကြောင်း နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၅)ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တာဝန်ရှိသူတစ်ဦးက တရားလိုပြုလုပ်ပြီး တိုင်ကြားချက်အရ အားကစားကွင်းထိုင်ခုံများအား ဖျက်ဆီးခဲ့ရာတွင် ပါဝင်ပတ်သက ခဲ့သည်ဟု ယူဆရသည့် ပရိသတ် ၁၂ဦးကို ဖမ်းဆီး စစ်ဆေးနေခြင်းဖြစ်ကြောင်း အဆိုပ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက သြဂုတ်လ ၈ ရက် တွင်ပြော သည်။

သြဂုတ် ၄ရက် ညနေပိုင်းက ၀ဏ္ဏသိဒ္ဓိဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါ မြန်မာလိဂ်ပွဲစဉ်၌ ပရိသတ်အချို့၏ ဖျက်ဆီးမှုကြောင့် ထိုင်ခုံအရေအတွက် ၁၅၀ ကျော် ပျက်စီးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းသုံးရာဝန်းကျင် ခန့်ရှိကြောင်း ဘောလုံး အဖွဲ့ချုပ်တာဝန်ရှိသူက ပြောသည်။

ဖမ်းဆီးစစ်ဆေးသူများကို ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ ၆(၁)အရ အမှုဖွင့်အရေးယူထားခြင်းဖြစ်ပြီး ဖျက်ဆီးမှုများတွင် ပါဝင်ပတ်သက်သူများကို ဆက်လက်စုံစမ်း အရေးယူသွားရန်ရှိကြောင်း ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၅)ရဲစခန်းတာဝန်ရှိသူက ဆိုသည်။

၎င်းပွဲစဉ်တွင် ပရိသတ်အချို့ စည်းကမ်းမဲ့သောင်းကျန်းကာ ကွင်းအတွင်းဝင်ရောက်မှု၊ ကစားသမားများ၏ ခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် ပွဲစဉ်ပြီးဆုံးအောင် ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ ပွဲချိန် ၃၇ မိနစ်တွင် ရပ်နားခဲ့ရသည်။

ဆိုးသွမ်းပရိသတ်အချို့၏ ဖျက်ဆီးမှုကြောင့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲလက်ခံကျင်းပမည့် ၀ဏ္ဏသိဒ္ဓိကွင်းအတွင်းရှိ ထိုင်ခုံများ၊ လက်ရန်းတန်းများ၊ ကြော်ငြာဆိုင်းဘုတ်များ အဓိကပျက်စီး ခဲ့ရကြောင်း ကွင်းအတွင်း သွားရောက်ကြည့်ရှုခဲ့သည့် ပရိသတ်အချို့က ဆိုသည်။

အဆိုပါပွဲစဉ်တွင် နှစ်ဖက်အသင်းမှ အုပ်ချုပ်နည်းပြအဖွဲ့ဝင်များနှင့် ကစားသမားများ ခိုက်ရန်ဖြစ်ပွားမှု များလည်း ရှိခဲ့ကြသည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေးကော်မတီအနေဖြင့် အဆိုပါပွဲစဉ်တွင် တာဝန်ယူခဲ့သည့် ပြိုင်ပွဲကြီးကြပ်သူ၊ ဒိုင်လူကြီးများ၏ အစီရင်ခံစာမှတ်တမ်းများ၊ ရုပ်သံမှတ်တမ်းများကို ကြည့်ရှုစစ်ဆေးကာ မကြာမီရက်ပိုင်းအတွင်း အရေးယူမှုများပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Source: 7Day News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template