Headlines News :
Home » , » ရှစ်လေးလုံးနေ့က ပြီးသွားပြီ

ရှစ်လေးလုံးနေ့က ပြီးသွားပြီ

Written By လွင့်မောင်မောင် on Friday, August 9, 2013 | 8:42 PM

အောင်ဇင်လတ် (Facebook)  - ရေးသည်။
တိတ်ကဆို ဒီနေ့ဟာ ရင်ထဲက နာနာကျည်းကျည်း သိုမှီထားတဲ့ အမုန်းတရားတွေကို ဖွင့်အံချပြီး ပေါက်ကွဲကြတဲ့နေ့ပေါ့။ ဒီနှစ်မှာတော့ ဒီလိုမဟုတ်တော့ဘူး။

 ၈၈ မျိုးဆက်ခေါင်းဆောင်တွေ ဟာ ဒီနေ့မှာ ၂၀၁၀ အလွန် ဦးတည်ချက်မှုန်ဝါးသွားတဲ့ အစုစုအဖွဲ့အဖွဲ့တွေကို ဒီပွဲနဲ့ပြန်လည်စုစည်းခဲ့တယ်။ တဖက်မှာလည်း ဒီမိုကရေစီလိုလားသူတွေဟာ အတိတ်က ပေဖြစ်ခဲ့စဉ် ခံစားခဲ့ရတဲ့ နာကျည်းဖွယ်ရာ ခံစားချက်တွေကြောင့် အနားဖေးပြန်ခွာပြီး သူတို့ကိုလက်စားချေဖို့ အမြဲကြံစည်နေတယ်လို့ စစ်တပ်ကမြင်နေတဲ့ အဆိုးအမြင်ကိုလည်းပြောင်းလဲသွားစေဖို့ ရည်ရွယ်တာကို တွေ့ရတယ်။
 ပြောမယ်ဆို ဒီပွဲဟာ သူတို့အမြဲပြောတဲ့ ခွင့်လွှတ်တယ် ဒါပေမဲ့ မမေ့ဘူး ဆိုတာကို လက်တွေ့ပြလိုက်တဲ့ပွဲလို့လည်း ပြောရင်မမှားဘူး။ အရေးကြီးဆုံးအချက်က မြန်မာပြည်ငြိမ်းချမ်တိုးတက်စေဖို့ ရှေ့ဆက်လုပ်ရမဲ့ အချက်သုံးချက်ကို တိတိကျကျ ဖေါ်ထုတ်ပေးလိုက်နိုင်တာပဲ။
၁။ ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စုထူထောင်ဖို့ 
၂။ ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု အဖြစ်ထူထောင်ရေးနဲ့ သင့်လျှော်စေရန်     
    လက်ရှိအခြေခံဥပဒေကိုပဲ ပြင်ဆင်မယ်ဆိုလည်းပြင် ဒါမှမဟုတ် လုံးဝအသစ်ရေးမယ်ဆိုလည်းရေးဖို့ 
 ၃။ ဒီလိုအခြေခံဥပဒေကိုပြင်မယ် ဒါမှမဟုတ် အသစ်ရေးမယ်ဆိုရင် အမျိုးသားညီညွတ်ရေးကို ဦးတည်ပြီး အင်အားစုအားလုံးပါတဲ့ ညီလာခံကြီးတစ်ခု လုပ်ဖို့ ဒီအချက်သုံးချက်လုံးဟာ ဖေါ်ဆောင်ဖို့ ခက်ခဲနက်နဲမှာသေချာတယ် ဒါပေမဲ့ မြန်မာအတွက် သေနတ်သံအားလုံး ထာဝရတိတ်သွားစေမဲ့ အဓိက သော့ချက်ပဲဆိုတာကို သေသေချာချာ ချပြသွားနိုင်တယ်။ ကျနော်အတွက် အကြည်နူးမိဆုံးက စိုးရိမ်နေတဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဝေးကွာသွားမလားဆိုတဲ့ သောကတွေကို ကွယ်ပျောက်သွားစေခဲ့တာပဲ။ နာကျည်းမှုနဲ့ အမုန်းတရားတွေသာ အမြဲထုံသင်းထားတဲ့ သြဂုတ်လ ၈ ရက်နေ့ကို မြန်မာ့အနာဂါတ်အတွက် ညီညွတ်အားကောင်းတဲ့ တွန်းအားနေ့ရက်အဖြစ် ပြောင်းလဲပေးလိုက်နိုင်တဲ့ ၈၈ မျိုးဆက်အဖွဲ့ကို ကျေးဇူးတင်တယ်။
 Aung Zin Latt(Facebook)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template