Headlines News :
Home » » ရဲတပ်သားကို ထိုးကြိတ်သည့် လက်ပံတန်းမြို့နယ် ရဲစခန်းမှူးကို ရဲဌာနချုပ်သို့ တိုင်ကြား

ရဲတပ်သားကို ထိုးကြိတ်သည့် လက်ပံတန်းမြို့နယ် ရဲစခန်းမှူးကို ရဲဌာနချုပ်သို့ တိုင်ကြား

Written By လွင့်မောင်မောင် on Friday, August 9, 2013 | 10:39 PM

 
ဥက္ကံ၊ သြဂုတ် ၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ကျွန်းကလေး ရဲကင်းတာဝန်ကျ ရဲတပ်သား ချမ်းငြိမ်းသူက လက်ထပ်ခွင့် မတင်ခြင်းနှင့် ပတ်သက်၍ လက်ပံတန်းမြို့နယ် ရဲစခန်းမှူးက လက်သီးဖြင့် ထိုးကြိတ်ခဲ့မှုကို သြဂုတ်လ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်နှင့် ပြည်ထဲရေး ဝန်ကြီးဌာနထံသို့ တိုင်ကြားခဲ့ကြောင်း ရဲတပ်သား ချမ်းငြိမ်းသူ၏ဇနီး ဒေါ်နီနီဝင်းက ပြောကြားသည်။

အဆိုပါ ထိုးကြိတ်မှုသည် သြဂုတ်လ ၃ ရက်နံနက်ပိုင်းတွင် စခန်းမှူး ဒုရဲမှူး ဝင်းဗိုလ်က တပ်သားကို ထိုးကြိတ်ပြီးနောက် အချုပ်ခန်းတွင်းသို့ထည့်ရာ အတွင်းရှိ အချုပ်သား ၁၇ ဦးကိုလည်း စခန်းမှူးက ဝင်လာသည့် အချုပ်သား ရဲတပ်သားအား လက်သီးဖြင့် ထိုးခိုင်းပြီး ၎င်းတို့ မထိုးပါက ၎င်းတို့ အားလုံးကို အပြင်ထုတ်၍ တုတ်ဖြင့်ရိုက်မည်ဟု ပြောသဖြင့် အချုပ်သားများက ထိုးကြိတ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်သား၏ ပြောကြားချက် ကိုးကား၍ ၎င်းဇနီး ဒေါ်နီနီဝင်းက ပြောကြားသည်။

“ကျွန်မနဲ့ အိမ်ထောင်ပြုတာ သုံးလပဲ ရှိသေးတယ်။ တပ်ဖွဲ့ဝင်အချင်းချင်း အထက်လူကြီးက အောက်လက်ငယ်သားကို အနိုင်ကျင့်နှိပ်စက်တော့ မကောင်းပါဘူး” ဟု ၎င်းကပြောသည်။

ဝိုင်းဝန်းထိုးကြိတ်သော ဒဏ်ရာများကြောင့် ရဲတပ်သားချမ်းငြိမ်းသူ အချုပ်၏ အိမ်သာထဲတွင် သတိလစ် မေ့မြောခဲ့ကြောင်း၊ ထို့နောက် ခရိုင်အချုပ်သို့ ထပ်မံပို့ဆောင်ခဲ့ကြောင်း၊ အချုပ်တွင် ဒဏ်ရာများ မသက်သာသဖြင့် သာယာဝတီခရိုင် ပြည်သူ့ဆေးရုံသို့ အတွင်းလူနာအဖြစ် တက်ရောက် ကုသခဲ့ပြီး သြဂုတ်လ ၇ ရက်နေ့ နေ့လယ်တွင် ဆေးရုံမှဆင်းပြီး ခရိုင်ရဲအချုပ်တွင် ထပ်မံထိန်းသိမ်းထားကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါ ထိုးကြိတ်မှုနှင့် ပတ်သက်၍ ရဲတပ်သားသည် ရဲစည်းကမ်းဖောက်သည်ဟု စခန်းမှူးက တင်ပြထားကြောင်း၊ တပ်ဖွဲ့တွင်း ကိစ္စဖြစ်နေသောကြောင့် ဖြစ်စဉ်များကို ရဲတရားရုံးသို့ စစ်ဆေးကာ တရားဥပဒေ စိုးမိုးရေးနှင့် အမှုမှန် ပေါ်ပေါက်ရေးအတွက် တိတိကျကျ စစ်ဆေးဆောင်ရွက်မည် ဖြစ်ကြောင်း သာယာဝတီခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးတင်ဇော်ထွန်းက ပြောကြားသည်။

လက်ရှိ ထိုးကြိတ်သည်ဟု စွပ်စွဲခံရသည့် စခန်းမှူး ဒုရဲမှူးဝင်းဗိုလ်ကို သွားရောက် မေးမြန်းသော်လည်း ကျန်းမာရေးကြောင့် ခွင့်ခြောက်ရက်ယူကာ ခရီးထွက်သွားကြောင်း ယာယီစခန်းမှူး ရဲအုပ် စိုးသန်းဌေးက ပြောကြားသည်။

ရဲတပ်သားကို စခန်းမှူးက ထိုးကြိတ်မှု တိုင်ကြားခြင်းကို ၎င်းတို့အနေနှင့် တတ်နိုင်သည့်ဘက်မှ အကူအညီ ပေးထားပြီး မတရားမှုများ တွေ့ရှိလာပါက မည်သူ့မျက်နှာကိုမှ ကြည့်မည် မဟုတ်ဘဲ အမှုမှန် ပေါ်ပေါက်ရေးကို တင်ပြတောင်းဆိုမည် ဖြစ်ကြောင်း၊ ပြည်သူက တင်မြှောက်သည့် အစိုးရဖြစ်သည့်အတွက် ပြည်သူရဲတပ်ဖွဲ့ဝင်များကလည်း ပြည်သူချစ်သော ရဲတပ်ဖွဲ့ဝင်များဖြစ်ရန် ဆန္ဒရှိကြောင်း သာယာဝတီခရိုင် အကျင့်ပျက် ခြစားမှုနှင့် မတရားမှု တိုက်ဖျက်ရေးကွန်ရက် ခေါင်းဆောင် ဦးကျော်ဇင်ထွန်း (ခ) ကျော်ကြီးက ပြောကြားသည်။

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template