Headlines News :
Home » » သျှမ်းမြောက် တိုင်းရင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲ ဖယ်ဒရယ်အရေး နှင့် မူးယစ်ဆေး

သျှမ်းမြောက် တိုင်းရင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲ ဖယ်ဒရယ်အရေး နှင့် မူးယစ်ဆေး

Written By လွင့်မောင်မောင် on Sunday, May 18, 2014 | 8:11 AM



သျှမ်းမြောက်တိုင်းရင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲ (ဓါတ်ပုံ- Loi Khampan)

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင်ကျင်းပခဲ့သော တိုင်းရင်းသားလူငယ်တွေ့ဆုံနှီးနှောဖလှယ်ပွဲတွင် သျှမ်းပြည် အတွင်းဖြစ်ပေါ်နေသော လူငယ်နှင့်မူးယစ်ဆေးဝါးပြဿနာ နှင့် ဖက်ဒရယ်အရေးကိစ္စများ အထူးဆွေးနွေးခဲ့ကြ သည်ဟု စုံစမ်းသိရှိရပါသည်။

မေလ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပသော အဆိုပါဆွေးနွေးပွဲတွင် သျှမ်းပြည်မြောက်ပိုင်းမှ တိုင်းရင်းသား လူငယ် အင်အား ၁၅၀ ကျော်တက်ရောက်ခဲ့ကြပြီး ခေါင်းစဉ်ကြီး ၄ ခု ဖြင့်အဓိကထား ဆွေးနွေးသွား ကြ ကြောင်း ပြောရေးဆိုခွင့် ရှိသူ စိုင်းဆိုင်မိန်းက သျှမ်းသံတော်ဆင့်အားပြောသည်။
“ ကျနော်တို့ဆွေးနွေးခဲ့တဲ့ ခေါင်းစဉ်ကြီး ၄ ခုကတော့ - လူငယ်နှင့်မူးယစ်ဆေးဝါးပြသနာ၊ လူငယ်တွေအပေါ် အစိုးရရဲ့စီမံကိန်းက ဘယ်လိုအကျိုးသက်ရောက်တယ်၊ လူငယ်နှင့် ပြည်တွင်းပဋိပက္ခ လူငယ်နှင့်နိုင်ငံရေး ။ သျှမ်းပြည်မြောက်ပိုင်းမှာလူငယ်တွေခံစားနေရတဲ့ မူးယစ်ဆေးဝါးပြသနာတိုင်းရင်းသားပေါင်းစုံက ခံစားနေရတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အားမလိုအားမရဖြစ်နေတာတွေကို တယောက်နဲ့တယောက်ဖွင့်ထုတ်ပြီးတော့မှ  ဆွေး နွေးကြတယ် ” ဟု စိုင်းဆိုင်မိန်းကပြောသည်။

သျှမ်းပြည်မြောက်ပိုင်းမှ နိုင်ငံရေး လူ့အခွင့်အရေး အမျိုးသားရေးအတွက် တက်ကြွလှုပ်ရှားသူလူငယ် များကို ဦးစားပေးဖိတ်ခေါ်ကာ ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟုဆိုပါသည်။ ထိုသို့ သျှမ်းပြည်တွင်းလူငယ်များ ခင်မင်ရင်းနှီးရန်၊ ယုံကြည်မှုတည်ဆောက်နေချိန်ဖြစ်သဖြင့် အဓိကအရေးပါသော သျှမ်းပြည်အရေးကိစ္စများ နှင့် သိမှတ်ဖွယ်ရာ ဖယ်ဒရယ်စနစ်အကြောင်းများဆွေးနွေးကြသည်ဟုဆိုသည်။

“ကျယ်ကျယ်ပြန့်ပြန့် နဖူးတိုက်ဒူးတိုက်ဆွေးနွေးရတာက ဖက်ဒရယ်ကိစ္စ၊ မူးယစ်ဆေးဝါးနဲ့ ပြည်တွင်းပဋိပက္ခ၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်းငြိမ်းချမ်းရေးလက်မှတ်ထိုးပြီးတော့မှ မငြိမ်းချမ်းသေးတဲ့ကိစ္စ၊ အဓိက က ဖယ်ဒရယ် အပေါ် အမြင်တွေမတူကြတာတွေပေါ့ ။ တချို့ကျတော့လည်း ဖယ်ဒရယ်ဆိုတာကိုသိပ်နား မလည်တာတွေ လည်းရှိနေသေးတယ်။”

“အဓိကကတော့ ဖယ်ဒရယ်လို့ပြောလိုက်တာနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကပါပြီးသားဆိုတာ ကိုမသိကြဘူး။ ဒါကြောင့် တိုင်းရင်းသားလူငယ်တွေက ဒီမိုကရေစီကိုတအားကောင်းတယ်လို့ ဘဲထင်ခဲ့ကြတာပေါ့နော်။ တကယ် တော့ ဖယ်ဒရယ်မရှိလို့အခုလို ဖိနှိပ်ချုပ်ချယ်မှုတွေ အခွင့်အရေးတန်းတူမရှိမှုတွေ မိမိကံကြမ္မာမိမိ ဖန်တီးလို့မရ တာတွေ ဖြစ်ခဲ့ရတာ။ ဒီအနေအထားမှာတိုင်းပြည်ကမတိုးတက်ဘူး စတာတွေကို ဆွေးနွေးခဲ့တယ်။ နောက်ဆုံးမှ လူငယ်တွေက ဖယ်ဒရယ်ကို နားလည်ကြပြီး ဒါဆိုရင်ဖယ်ဒရယ်ကိုငါတို့ကြိုးစားကြရအောင်ဆိုပြီး ဘုံသဘော တူညီ ချက်တခု ရရှိခဲ့ပါတယ်။” ဟု အကျယ်တဝင့်ရှင်းပြသည်။

မေလ ၁၆ ရက်က အောင်မြင်စွာကျင်းပနိုင်ခဲ့ သျှမ်းပြည်မြောက်ပိုင်း တိုင်းရင်းသားလူငယ်နှီးနှောဖလှယ်ပွဲ အား နောက်ပိုင်း သျှမ်းပြည်နယ်တဝှမ်းလုံး လူငယ်နှီးနှောဖလှယ်ပွဲ ဖြစ်မြောက်အောင် ကြိုးပမ်းသွားမည်ဟုလည်း သိရပါသည်။
သျှမ်းသံတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template