မြင်းမူ၊ မေ ၁၆
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ထီးစောင်းကျေးရွာ မျက်စိကုဆေးရုံးအနီး
မုံရွာ - မန္တလေးကားလမ်း မိုင်တိုင် အမှတ် ၄၅/၀ နှင့် ၄၅/၁ အကြားနေရာတွင်
မေလ ၁၅ ရက်နေ့ မနက် ၈ နာရီက ဖောက်ခွဲရေးယမ်းများ သယ်ဆောင်လာသည့်
(၂၂)ဘီးကားသည် ဆိုင်ကယ်နှင့်တိုက်မိခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ကြောင်း
မြင်းမူမြို့ နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာအရပ်သို့ မြင်းမူမြို့မရဲစခန်းမှ ရဲအုပ်
တင်မောင်ရွှေနှင့် အဖွဲ့ကသွားရောက် စစ်ဆေးခဲ့ကြသည်။ ထိုသူတို့၏
စစ်ဆေးပေါ်ပေါက်ချက်များအရ လားရှိုးမြို့၊ အမှတ်(၁၂)ရပ်ကွက်နေ ဦးရှာ
ရွယ်(ခ) ဦးမောင်နိုင် ဆိုသူသည် CHENELONG (၂၂)ဘီးအမျိုးအစား ယာဉ်အမှတ် ၅င/
၇၇… အဖြူရောင် ယာဉ်တစ်စီးပေါ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊
ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်း တောင်
ကြေးနီစီမံကိန်းလုပ်ငန်းခွင်သုံး ဖောက်ခွဲရေးယမ်းများအား တင်ဆောင်၍
မောင်းနင်းလာစဉ် မြောင် မြို့နယ်၊ လွင်ကြီးကျေးရွာနေ ကိုကျော်ဝင်းမြင့်
အသက်(၄၉)နှစ်ဆိုသူက ယင်ဇိုင်း 110 အမျိုးအစား ယာဉ် အမှတ် ၂၁ယ/၂၁…..
ဆိုင်ကယ်အား လားရာတူယာဉ်ကြောအတိုင်း စီးနင်းလာစဉ် (၂၂)ဘီးကား၏ လက်
ယာဘက်ရှေ့ဘီးတို့နှင့်ချိန်မိပြီး ဆိုင်ကယ်တိမ်းမှောက်ကာ
ကားဘီးဖြင့်ကြိတ်မိပြီး အဆိုပါနေရာတွင်သေ ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
ဆိုင်ကယ်စီးနင်းလာသူ ကိုကျော်ဝင်းမြင့်သေဆုံးခြင်းနှင့်ပတ်သက်၍
မြင်းမူမြို့နယ် ပြည်သူ့ဆေးရုံရှိ မှုခင်း ဆရာဝန်ကြီး၏ ဆေးစစ်ဆေးချက်များအရ
သေဆုံးသူ ကိုကျော်ဝင်းမြင့် ဆိုသူမှာ ဦးခေါင်းကြေမွ၊ လည်ပင်း
ရိုးကျိုးဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ရခြင်းဖြစ်သည်ဟု
မှုခင်းဆေးစာမှတ်တမ်းများတွင် မှတ်ချက်ပြုပေး ထားကြောင်း သိရသည်။
ထို့ကြောင့် မြင်းမူမြို့မရဲစခန်းက အဆိုပါယာဉ်တိုက်မှုအား ယာဉ်(ပ)၂၆/၂၀၁၄
ပြစ်မှုပုဒ်မ ၃၀၄ - (က)အရ ရဲအုပ် တင်မောင်ရွှေမှ တိုင်တန်းအမှုဖွင့်ထားခဲ့သည်။
စီမံကိန်းလုပ်ငန်းသုံး သယ်ယူပို့ဆောင်ရေး ယာဉ်ကြီး များအနေဖြင့်
အများပြည်သူ ယာဉ်အသုံးပြုမှု နည်းပါးသည့် ညအချိန်များတွင်
ဖြတ်သန်းသွားလာသင့်ပြီး အများပြည်သူ ယာဉ်အသုံးပြုမှု
များပြားသည့်အချိန်များတွင် သင့်လျော်သော ယာဉ်အန္တရာယ်ဘေးလွတ်
သည့်နေရာများတွင် ရပ်နားထားသင့်ကြောင်း မုံရွာမြို့ခံ ဥပဒေပညာရှင်
တရားလွှတ်တော် ရှေ့နေကြီးတစ် ဦးမှ အကြံပြုပြောကြားခဲ့သေးသည်။
သတင်း၊ ကိုတိုးကြီး (facebook)