Headlines News :
Home » » မေလ ၂၃ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာထွန်းလွင်

မေလ ၂၃ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာထွန်းလွင်

Written By လွင့်မောင်မောင် on Friday, May 23, 2014 | 8:51 AM

မေ ၂၂ ရက်နေ့ မနက် ၀၇း၃၀ နာရီအချိန်ဖမ်းယူရရှိထားတဲ့ တိမ်ပုံမှာဆိုရင် ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်း လာပြီး မုန်တိုင်းငယ်တခုအဖြစ် ရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီမုန်တိုင်းငယ်ဟာ ဟိုင်းကြီးကျွန်းရဲ့ အနောက်ဘက် မိုင် ၂၅၀ ခန့်အကွာမှာ တည်ရှိနေပြီး မြောက်ဘက်အရပ်ကို ဦးတည်ရွေ့လျား မယ်လို့ ခန့်မှန်းထားပါတယ်။ ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်အနည်းငယ်ဖြစ်ထွန်းနေ ပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း၊ တောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါတယ်။ ကျန်ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။
ဦး​ထွန်းလွင်
ဦး​ထွန်းလွင်
မြန်မာ့ပင်လယ်ပြင်အခြေအနေ ခန့်မှန်းချက်ကတော့ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတလျှောက်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ တခါတရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်ပါတယ်။ လှိုင်းအမြင့် ၄ ပေကနေ ၈ ပေလောက်မြင့်တက်နိုင်ပါတယ်။ ကျန်မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၂ ပေကနေ ၄ ပေလောက်မြင့်တက် နိုင်ပါ တယ်။ အပူရှိန်မြင့်တက်နိုင်မှုကတော့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတွေဟာ တဖြည်းဖြည်းကျဆင်းလာတာကို တွေ့ရပါတယ်။ ဟားခါးမြို့၊ မကွေးမြို့၊ စစ်တွေမြို့၊ ပဲခူးမြို့၊ ရန်ကုန်မြို့၊ မြိတ်မြို့နဲ့ ကော့သောင်းမြို့တွေမှာ လွန်ကဲအဆင့်ဖြစ်တဲ့ အညွှန်းကိန်းတန်ဖိုး ၁၁ အောက်ကို ကျဆင်းနိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း အနိမ့်ဆုံးတန်ဖိုး ၃ ဒဿ မ ၃ ကျရောက်နိုင်တာကတော့ မြိတ်မြို့ဖြစ်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ အညွှန်းကိန်း ၁၁ ကနေ ၁၂ ကျော်မြင့်တက်နိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးကျ ရောက်နိုင်တာကတော့ တောင်ကြီးမြို့ဖြစ်ပါတယ်။ အညွှန်းကိန်းတန်ဖိုးကတော့ ၁၂.၉ ကျရောက် နိုင်ပါတယ်။
မေလ ၂၃ ရက်နေ့
နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်ဒေသတွေမှာ နေ့အပူချိန် ၂၈ ဒီဂရီစင်တီဂရိတ် ကနေ ၃၃ ဒီဂရီစင်တီ ဂရိတ်ခန့် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၄ ဒီဂရီစင်တီဂရိတ် ကနေ ၃၇ ဒီဂရီစင်တီဂရိတ် ခန့်ရှိနိုင်ပါတယ်။
မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေး တိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းတို့မှာ မိုးတိမ်တောင်ဖြစ်ပေါ် နိုင်မှု ၃၅ ရာခိုင်နှုန်းကနေ ၅၅ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၁၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်း လောက် ရှိနိုင်ပါတယ်။
မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ မိုးရွာဖို့ သေချာမှု ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။ ကျန်တနိုင်ငံလုံးနီးပါး မိုးရွာဖို့ ရာခိုင်နှုန်း ၆၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်း လောက်သေချာမှုရှိနိုင် ပါတယ်။
မိုးရေချိန်ခန့်မှန်းချက်ကတော့ ချင်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၅ မီလီမီတာ ကနေ ၂၀ မီလီမီတာလောက် မိုးရွာနိုင်ပါတယ်။
မြို့တော်ကြီးတွေခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီ ဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်း ရွာနိုင်ပါတယ်။ မိုးရွာဖို့သေချာမှု ၆၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။
ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၄ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့သေချာမှု ၉၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။
မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၄ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၆၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template