Headlines News :
Home » » ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းဆဲလ် INVEST 92B စတင်ဖြစ်ပေါ်

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းဆဲလ် INVEST 92B စတင်ဖြစ်ပေါ်

Written By လွင့်မောင်မောင် on Monday, May 19, 2014 | 7:57 PM

May 19th, 2014
မေလ ၁၈ ရက် မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီတွင် ရရှိသည့် NRL data များအရ လပွတ္တာမြို့ အနောက်တောင်ဘက် မိုင် ၃ဝဝ ခန့်၊ ကိုကိုးကျွန်းလေဆိပ်၏ အနောက်-အနောက်တောင်ဘက် ၁၄၅ မိုင်ခန့်၊ ဖျာပုံမြို့ အနောက်တောင်ဘက် ၃၅၅ မိုင်ခန့်အကွာ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေဖိအားနည်းဆဲလ် INVEST-92B စတင်၍ ဖြစ်ပေါ်လာကြောင်းတွေ့ရပါသည်။
GFS ကွန်ပျူတာမော်ဒယ်၏ ကြိုတင်ခန့်မှန်းပုံဖေါ်ချက်အရ INVEST 92B သည် နောက်ဆုံးရ အချက်အလက်များရရှိချိန် မေလ ၁၉ ရက် မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီမှ နောက် ၂၁ နာရီ(မေလ ၂ဝ ရက် ဝ၉း၃ဝနာရီ)အထိ ပိုမိုအားကောင်းလာမည့် အခြေအနေမရှိသော်လည်း ဧရာဝတီတိုင်းကမ်းခြေဘက်သို့ (အရှေ့မြောက်ဘက်သို့) ရွေ့လျားနိုင်မည်ဖြစ်ကြောင်း၊ နောက် ၂၁ နာရီနောက်ပိုင်းတွင် အနောက်မြောက်ဘက်သို့ ချိုးကွေ့ပြီး ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းသို့(အနည်းငယ် ပိုမိုအားကောင်းလာလျှက်) ဆက်လက်ရွေ့လျားနိုင်မည် ဖြစ်ကြောင်း၊ ထိုအချိန်တွင် INVEST 92B ၏ ညာဘက်ခြမ်းတွင် အမြင့်ဆုံး လေတိုက်နှုန်း 28 knots(တစ်နာရီ ၃၂ မိုင်ခန့်)ရှိမည် ဖြစ်ကြောင်း တွေ့ရပါသည်။
လေဖိအားနည်းဆဲလ် INVEST-92B
19 May 2014 0600Z
Location: 13.2 91.4
Winds: 15 knots
Central Pressure: 1010 hPa
မေလ ၁၉ ရက် မြန်မာစံတော်ချိန် နေ့လည် ၂ နာရီတွင် တွေ့မြင်ရသော INVEST 92B ဖြစ်ပေါ်လျှက်ရှိရာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်တို့မှ တိမ်တိုက် ဖြစ်ပေါ်မှု အခြေအနေနှင့် တိမ်ထိပ်အပူချိန်ပြ ပုံအား ပုံ-၂ တွင် တွေ့နိုင်ပါသည်။ INVEST 92B သည် လက်ရှိအခြေအနေအရ လေဖိအားနည်းရပ်ဝန်းအဆင့်သို့ ရောက်ရှိလာနိုင်ပြီး ဤ SYSTEM ၏ ညာဘက်ခြမ်းမှ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများအတွက် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်ခြင်းများ ဖြစ်ပေါ်နိုင်သည့် အတွက် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ကြပါရန် ကြိုတင် အသိပေးတင်ပြအပ်ပါသည်။
(ပုံ-၁) INVEST 92B စတင်ဖြစ်ပေါ်လျှက်ရှိရာ တည်နေရာပြပုံ



By mmweather.ygn
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template