Headlines News :
Home » , » ၀ူခုံးဇာတ်ဆောင်ရဲ့ မြန်မာပြည်ငြိမ်းချမ်းရေးခရီး စတင်

ဝူခုံးဇာတ်ဆောင်ရဲ့ မြန်မာပြည်ငြိမ်းချမ်းရေးခရီး စတင်

Written By လွင့်မောင်မောင် on Thursday, May 22, 2014 | 2:34 PM

 
မြန်မာပရိသတ်အကြိုက်တွေ့တဲ့ တရုတ်ဇာတ်လမ်းတွဲ Journey to the west က ၀ူခုံးဇာတ်ဆောင် Mr.Liu Xiao Ling Tong ဟာ ရန်ကုန်မြို့ကို ရောက်ရှိနေပြီး သူ့ရဲ့ တတိယဇာတ်လမ်းတွဲကို မြန်မာပြည်အခြေခံပြီး ရိုက်ကူးလိုတယ်လို့ ထုတ်ဖော်ပြောကြား လိုက်ပါတယ်။

ဝူခုံးဇာတ်ဆောင် Mr .Liu Xiao Ling Tong နဲ့ ရန်ကုန်မြို့က ပရိသတ်တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ တရုတ်-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က တရုတ်ဇာတ်ဆောင်ရဲ့ ခရီးဟာ ငြိမ်းချမ်းရေးခရီး ဖြစ်တယ်လို့လည်း ပြောပါတယ်။
“သူစိတ်ဝင်စားတယ်။ တတိယ ဇာတ်ထုတ်ကို ရိုက်မယ်ဆိုရင် မြန်မာပြည်မှာ ရိုက်ဖို့ စိတ်ကူးရှိတယ်လို့ ပြောပါတယ်။ ဒီဘက်ကတော့ ဘာမှ ပြန်ပြောထားတာ မရှိပါဘူး။ ညှိနှိုင်းထား ခြင်းလည်း မရှိပါဘူး။ သူ့ဆန္ဒပဲ ပြောတာပါ။ ငြိမ်းချမ်းရေး ခရီးသည်အဖြစ်နဲ့ လာတယ်။ ကျနော်တို့ကလည်း ငြိမ်းချမ်းရေးလိုလားတဲ့သူတွေဆိုပြီးတော့ သူတို့ကို လက်ခံတယ်။ သူတို့ ပြည်သူတွေထဲမှာ ၀င်ပြီးတော့ ပြည်သူတွေနဲ့တွေ့ချင်တယ်ပေါ့။ အဲဒါ ကျနော်တို့ တွေ့ပေးတယ်။ ဒါပါပဲဗျ။”

ဝူခုံးဇာတ်ဆောင် Mr.Liu Xiao Ling Tongနဲ့ ရန်ကုန်ပရိသတ်တွေ့ဆုံပွဲမှာ ကျောက်တန်းဘက်က မိဘမဲ့စာသင်ကျောင်းတကျောင်းကို အလှူငွေ ပေးအပ်လှူဒါန်းခဲ့တယ် လို့လည်း ပြောပါတယ်။

သူ့ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နဲ့ တွေ့ဖို့ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဦးစိန်ဝင်းအောင်ကတော့ အစီအစဉ် မရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

ဝူခုံးဇာတ်ဆောင် မြန်မာပြည်လာတဲ့အချိန်ဟာ သူ့ဇာတ်လမ်းတွဲ Journey to the west အနောက်ဘက်သို့ ခရီးသွားခြင်းကို စကိုင်းနက်ရုပ်သံလိုင်းက အတွဲလိုက် ထုတ်လွှင့်ပြသနေချိန် လည်း ဖြစ်တာမို့ ဇာတ်လမ်း တွဲကြော်ငြာသဘောမျိုး ရောက်လာတာလည်း ဖြစ်ပါတယ်။
သူ့ခရီးစဉ်အတွင်း မန္တလေး၊ နေပြည်တော်နဲ့ ပုဂံတို့ကို သွားရောက်မှာဖြစ်ပြီး မေလ ၂၆ ရက် မြန်မာပြည်က ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။

  By ရွှေအောင် (ဒီဗွီဘီ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template