လွန်ခဲ့သည့် ၆ နာရီအတွင်းက အနောက်ဘက်သို့ အလွန်ဖြည်းညှင်းစွာ(တစ်နာရီ ၁ မိုင်နှုန်းခန့်) ဖြင့်ရွေ့လျားခဲ့ပြီး လာမည့် ၄၈ နာရီအတွင်း အဆင့်-၁ တိုင်ဖွန်းမုန်တိုင်းအဖြစ်ဖြင့် ဟိုင်နန်ကျွန်းကို ဖြတ်ကျော်လျှက် တုံကင်ပင်လယ်ကွေ့သို့ ရောက်ရှိမည်ဖြစ်ပါသည်။
မုန်တိုင်း VICENTE သည် တုံကင်ပင်လယ်ကွေ့အား ဖြတ်သန်းပြီးနောက်၊ လာမည့် ၇၂ နာရီအတွင်း Haiphong ပြည်နယ် Hai Phong မြို့နှင့် Quang Ninh ပြည်နယ် Ha Long မြို့များအနီးမှ ကုန်းတွင်းသို့ ဝင်ရောက်ဘွယ်ရှိကြောင်း၊ ကုန်းတွင်းသို့ အဆင့်-၁ တိုင်ဖွန်းမုန်တိုင်းအဖြစ် ဝင်ရောက်နိုင်ဘွယ် ရှိသဖြင့် တစ်နာရီ ၆၅ နော်တီကယ်မိုင်(တစ်နာရီ ၇၅ မိုင်နှုန်း) အထိ လေပြင်းတိုက်ခတ်ခံရနိုင်မည့် အခြေအနေရှိကြောင်း လက်ရှိ NRL, TSR နှင့် JTWC ခန့်မှန်းချက်များအရ သိရပါသည်။
ဖိလစ်ပိုင်နိုင်ငံ Typhoon 2000 မှ ဒေသစံတော်ချိန် ညနေ ၅ နာရီ(မြန်မာစံတော်ချိန် ည ၈ နာရီ)ထုတ်ပြန်ချက်အရ မုန်တိုင်းအရွယ်အစားမှာ အချင်း ၆၁၀ ကီလိုမီတာ(မိုင် ၃၈၀) ခန့် ရှိနေပြီး မုန်တိုင်းဗဟိုတွင် ဒီလှိုင်းအမြင့် ၁၆ ပေ အထိရှိကြောင်း သိရပါသည်။
မုန်တိုင်းအပြင် rain band များသည် ဟိုင်နန်ကျွန်းနှင့် Guangdong ပြည်နယ်များသို့ သက်ရောက်မှု ရှိနေပြီဖြစ်ကြောင်း၊ အင်္ဂါနေ့ မွန်းလွဲ-ညနေပိုင်းတွင် အဆင့်-၁ တိုင်ဖွန်းမုန်တိုင်းအဖြစ် အဆိုပါဒေသများသို့ ဝင်ရောက်တိုက်ခတ်နိုင်မည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ရုတ်တရက် အပူပိုင်းမုန်တိုင်းအဆင့်သို့ အင်အားလျော့ကျကာ ဗုဒ္ဓဟူးနေ့ မွန်းလွဲ-ညနေပိုင်းတွင် ဗီယက်နန်နိုင်ငံ မြောက်ပိုင်းကို ဝင်ရောက်တိုက်ခတ်နိုင်မည်ဖြစ်ကြောင်း၊ မြောက်ဗီယက်နန်မြို့တော် ဟနွိုင်းအနီးမှ ကပ်၍ ဖြတ်သန်းဝင်ရောက်မည်ဖြစ်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပါသည်။
09W VICENTE – 22 Jul 2012 1200Z
Location: 18.8 115.0
Winds: 45 knots
Central Pressure: 989 hPa