
အခုဆိုရင် မျက်မမြင်တွေ အလွယ်တကူသုံးလို့ရမယ့် Smart ဖုန်း တမျိုး ဈေးကွက်ထဲကို ရောက်ရှိလာပါပြီ။
ဂျော်ဂျီ (Georgie) လို့ အမည်ပေးထားတဲ့ ဒီဖုန်းကို သုံးတဲ့အခါမှာ ဖုန်းမျက်နှာပြင်ကို လက်နဲ့တို့ပြီး သုံးလို့ရသလို နှုတ်နဲ့ စေခိုင်းပြီး တော့လည်း သုံးလို့ရပါသတဲ့။ ဥပမာ - ဖုန်းဆက်ချင်ရင် ဖုန်းနံပါတ်ကို ပါးစပ်ကနေရွတ်ပြီး ဆက်တာမျိုးပါ။
မျက်မမြင်တွေက ဒီဖုန်းကိုသုံးပြီး စာဖတ်နိုင်တယ်၊ နေရာတွေ ရှာလို့ရတယ်၊ ပြီးတော့ ဘတ်စ်ကားအချိန်ဇယားပါ သိနိုင်တယ်လို့ ဆိုပါတယ်။
ဖုန်းတီထွင်သူက ရော်ဂျာ ဝဲလ်ဆင် ဟင်းစ် (Roger Wilson-Hinds) လို့ခေါ်တဲ့ မျက်မမြင်တယောက်ဖြစ်ပြီး ဖုန်းအမည်ကို သူ့အမျိုးသမီးရဲ့ ပထမဆုံး လမ်းပြခွေးလေးအမည် ပေးခဲ့တာပါ။
ဂျော်ဂျီ ဆော့ဖ်ဝဲကို Android OS သုံး Samsung Galaxy Y, Galaxy Ace 2, Galaxy XCover နဲ့ Galaxy S3 တွေမှာလည်း ထည့်သွင်း အသုံးပြုလို့ရပါတယ်။
ဒါပေမယ့် ဂျော်ဂျီဟာ မျက်မမြင်တွေအတွက် ပထမဆုံး Smart ဖုန်းဖြစ်တယ်၊ ဆော့ဖ်ဝဲချည်းသက်သက် ဝယ်လိုရင် စတာလင်ပေါင် ၁၅၀ ခန့်ကျမယ်လို့ နည်းပညာဆိုင်ရာကွန်ရက် CNET ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်မှာ ဖော်ပြ ထားသည်။
ဧရာဝတီ blog