တစ်ခေတ်တစ်ခါကငွေကျပ် သိန်း ၂ဝဝဝ ဝန်းကျင်ရှိခဲ့သော ကားထပ်မံဝင်ရောက်လာသည့် ကားသစ်များများက ယနေ့ ငွေကျပ် သိန်း ၃ဝဝ ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်နေကြသည်။
ဖင်မလီယာ၊ မာဇဒါလေးဘီး လေလံအပ်ကားများ ငွေကျပ် ၅၅ သိန်းပတ်လည် အရောင်းအဝယ်ရှိနေပြီး ယနေ့လက်ခံနေသော ''ပ''အက္ခရာကားများမှာလည်း ငွေကျပ် ၅၅ သိန်းသာ ဈေးရှိနေသည်။
နံပါတ်အနီ AA Taxi ကားများ ပြန်လည် သွင်းနိုင်ရန်အတွက် ''ဗ''အက္ခရာ အစ ''အ'' အက္ခရာ AA Taxi များမှာ ယနေ့ပေါက်ဈေး ငွေကျပ် သိန်း ၆ဝ ဝန်းကျင် ရှိနေသည်။
ယနေ့ ကားစလစ်ဈေးမှာ ငွေကျပ် သိန်း ၆ဝ ဝန်းကျင်ဖြစ်၍ ဈေး အနည်းငယ်တက်လာကြောင်းဟံသာဝတီကားဝိုင်းမှ အကျိုးတော်ဆောင် တစ်ဦးက မြန်မာ့အလင်းသို့ ပြောခဲ့သည်။
ဟံသာဝတီကားရောင်းဝယ်ရေးစခန်းမှ တစ်ပတ်အတွင်း အရောင်းအဝယ် ဖြစ်ခဲ့သော ကားဈေးနှုန်းများ-

ညွှန်း - မြန်မာ့အလင်း သတင်းစာ၊ ဇူလိုင် ၂၂