Headlines News :
Home » , » မိမိသင်ရိုးညွှန်းတမ်းဖြင့် ကျောင်းချိန်အတွင်းသင်ကြားခွင့်ရရေး သျှမ်းစာပေပညာရှင်များ သမ္မတထံတောင်းဆိုမည်

မိမိသင်ရိုးညွှန်းတမ်းဖြင့် ကျောင်းချိန်အတွင်းသင်ကြားခွင့်ရရေး သျှမ်းစာပေပညာရှင်များ သမ္မတထံတောင်းဆိုမည်

Written By လွင့်မောင်မောင် on Wednesday, July 25, 2012 | 1:00 AM


Meeting_at_9_mileရန်ကုန် ကိုးမိုင်သျှမ်းကျောင်း၌ကျင်းပသော သျှမ်းစာပေညီလာခံ (ဓါတ်ပုံ - SHsM.lso )

သျှမ်းစာပေကျွမ်းကျင်သူများအဖွဲ့က သင့်တော်သော သျှမ်းစာသင်ရိုးညွှန်းတမ်းတခုကိုရွေးချယ်ကာ ကျောင်းချိန်အတွင်း သင်ကြားခွင့်ရရှိရေးအတွက် သမ္မတကြီးထံ စာရေးတင်ပြမည်ဟု အဆိုပါအဖွဲ့မှ အဖွဲ့ဝင်များကပြောသည်။
“လောလောဆယ်ကတော့ သျှမ်းစာပေကျွင်းကျင်သူများဆိုပြီး အဖွဲ့ဝင် ၁၉ ဦးပါတဲ့အဖွဲ့ကိုရွေးလိုက်တယ်။ အဲဒီ ၁၉ ဦး ကနေပြီးတော့ သင့်တော်ရာ သင်ရိုးညွှန်းတမ်းတခုကို ရွေးချယ်လိုက်မယ်။ ပြီးရင်သမ္မတကြီးဆီ စာတင်ဖို့ရှိတယ်။ သျှမ်း စာသင်ရိုးညွှန်းတမ်းဟာ မြန်မာဖတ်စာကနေ ဘာသာပြန်ပြီးတင်ရမယ်ဆိုရင် အဆင်မပြေဘူး။ ကိုယ့်ရဲ့ တိုင်းရင်းသား ဘာသာစာပေကိုအခြေခံတဲ့ ကိုယ့်ရဲ့ ယဉ်ကျေးမှုကိုအခြေခံတဲ့ ရှိပြီးသား သင်ရိုးညွှန်းတမ်းဟောင်းထဲကတခုကိုဘဲ ကျနော် တို့ဘာသာပြုစုပြီး သင်ကြားပါရစေ။ ကျောင်းချိန်အတွင်းမှာဘဲ သင်နိုင်အောင် ပြဌာန်းပေးပါ စတာတွပါတဲ့အချက်တွေပေါ့” ဟု သျှမ်းစာပေကျွမ်းကျင်သူများအဖွဲ့က အဖွဲ့ဝင် ဟိန်းကာယန်း က သျှမ်းသံတော်ဆင့်အားပြောပြသည်။

အဆိုပါစာအား ဦးအောင်မင်း စီစဉ်ပေးမှုကြောင့် မကြာခင် သမ္မတကြီးနှင့် တွေ့ရန်ရှိသည့် SNLD ပါတီခေါင်းဆောင် လည်း ဖြစ် သျှမ်းတိုင်းရင်းသား များခေါင်းဆောင်လည်းဖြစ်သော ခွန်ထွန်းဦးအား သမ္မတကြီးထံတင်ပြပေးရန် အကူအညီတောင်း ထားကြောင်း၊ ခွန်ထွန်းဦးမှလည်း ကူညီပေးရန် သဘောတူထားကြောင်း ၎င်းကဆက်လက်ပြောပြသည်။

ပညာရေးဝန်ကြီး ဒေါက်တာမြအေးက တိုင်းရင်းသားများအား မြန်မာသင်ပုန်းကြီးဖတ်စာမှ ဘာသာပြန်ယူသင်ကြားရန် ဆင့်ဆိုကာ သက်ဆိုင်ရာပြည်နယ်၏ တက္ကသိုလ်ဆရာ၊ ဆရာမများကို တာဝန်ပေးခိုင်းစေသဖြင့် တောင်ကြီးမှ သျှမ်းစာပေ ယဉ်ကျေးမှုအသင်းက သျှမ်းဘာသာသို့ ဘာသာပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဘာသာပြန်စာအုပ်အား သျှမ်းသင်ပုန်းကြီးအဖြစ် အသုံးပြုရန်မသင့်တော်ကြောင်း သျှမ်းစာပေပညာရှင်များ စုံစုံလင်လင်ပါရှိသော ညီလာခံတရပ်ကို ပြီးခဲ့သည့် တနင်္ဂနွေ နှင့် တနင်္လာ ဂျူလိုင် ၂၂ နှင့် ၂၃ က ရန်ကုန်မြို့ ကိုးမိုင် သျှမ်းဘုန်းကြီးကျောင်း၌ ကျင်းပခဲ့သည်။

ပြည်တွင်းပြည်ပ တမျိုးသားလုံးပါဝင်သည့် အဆိုပါ သျှမ်းစာပေညီလာခံ၌ တက်ရောက်သူအင်အား ၂၀၀ ကျော်ရှိကြောင်း၊ အစည်းအဝေးပြုလုပ်နေစဉ်အတွင်း အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်ခေါင်းဆောင် ရထားဝန်ကြီး ဦးအောင်မင်းနှင့် သွားရောက်တွေ့ဆုံသည့် သျှမ်းခေါင်းဆောင်ခွန်ထွန်းဦးကလည်း ဘာသာပြန်သျှမ်းစာပေနှင့် ပတ်သက်သည့် အခက်အခဲ များကိုတင်ပြရာ ဦးအောင်မင်းက တိုင်းရင်းသားသင်ရိုးညွှန်းတမ်းအတွက် မြန်မာသင်ပုန်းကြီးဖတ်စာမှ ဘာသာပြန်ရန်မလို၊ မိမိစိတ်ကြိုက်သင်ရိုးညွှန်းတမ်း တခုခုရွေးချယ်ကာ လွတ်လွတ်လပ်လပ်သင်ကြားနိုင်ကြောင်းပြောသဖြင့် အရေးပေါ်အစည်း အဝေးမှ သမ္မတကြီးထံ စာတင်ပြရန် အစီအစဉ်ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း အစည်းအဝေးတက်ရောက်သူ လားရှိုးမှ လူငယ်တဦးကလည်း ပြောသည်။
3-Meeting_at_9_mileရန်ကုန် ကိုးမိုင်သျှမ်းကျောင်း၌ကျင်းပသော သျှမ်းစာပေညီလာခံ (ဓါတ်ပုံ - SHsM.lso )

“ဦးအောင်မင်းက ခွန်ထွန်းဦးကို -သျှမ်းဆိုလဲ သျှမ်းပြည်သမိုင်းကြောင်း၊ ရိုးရာစာပေ ယဉ်ကျေးမှု၊ လူနေမှုဘ၀ပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ သဟဇာတဖြစ်မယ့်သင်ရိုးညွှန်းတမ်းဘဲပြဌာန်းရမှာပေါ့။ ဘာဖြစ်လို့ မြန်မာသင်ရိုးညွှန်းတမ်း ကိုဘာသာပြန်ရ မှာလဲ ပြန်စရာမလိုပါဘူး။ အဓိကအားဖြင့်တော့ တိုင်းရင်းသားသွေးစည်းညီညွတ်မှုကို မထိခိုက်ရင်ပြီးရော။ ကိုယ့်ဘာသာ ကိုယ့်စာပေကို လွတ်လွတ်လပ်လပ်ပြဌာန်းပိုင်ခွင့်ရှိတယ် -လို့ ပြောတယ်။” ဟု SNLD ပြောခွင့်ရ စိုင်းလိတ်ကလည်းပြော သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ “ ကျနော်တို့နိုင်ငံမှာ နိုင်ငံခြား ဘာသာ တက္ကသိုလ်ဆိုတာရှိတယ်။ ဒါပေမယ့်တိုင်းရင်းသား ဘာသာတက္ကသိုလ်ဆိုတာမပြောနဲ့။ တိုင်းရင်းသားဘာသာစာပေကိုမှ လွတ်လွတ်လပ်လပ် သင်ကြားနိုင်တဲ့အခြေအနေ တောင် မဖန်တီးနိုင်သေးဘူး။ ဒီဥစ္စာဟာ တိုင်းရင်းသားသွေးစည်း ညီညွတ် ရေး ကိုထိခိုက်စေတယ်။ ပြည်ထောင်စု တည် တံ့ခိုင်မြဲရေးကိုဦးတည်ပြီးတော့မှ တိုင်းရင်းသားတွေရဲ့ဘာသာစာပေလွတ်လပ် စွာသင်ကြားနိုင်ခွင့်ကိုအားပေးရမယ်။ နိုင်ငံတော်အစိုးရကနေပြီးတော့ ကမကထပြုတာဝန်ယူ လုပ်ပေးသင့်တယ်။ တိုင်းရင်းသားတွေ သင်ချင်တဲ့စာ။ သူတို့ဖာသာ သူတို့ပြင်ဆင်ပြုစုထားတဲ့ သူတို့ရဲ့ ရိုးရာ ယဉ်ကျေးမှု သူတို့ရဲ့စိတ် အခြေခံကို အခြေပြုတဲ့ သင်ရိုးညွှန်းတမ်းမျိုးကိုဘဲ လွတ်လွတ်လပ်လပ်ပြဌာန်းပိုင်ခွင့်ပေးရမယ်” ဟု စိုင်းလိတ်က ဆက်၍ ပြောပြ ပါသည်။

ဂျွန်လ ၁၅ ရက်က ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက ပညာရေး ဝန်ကြီးဌာနအစည်းအဝေး ခန်းမ၌ တိုင်းရင်းသားဘာသာ သင်ကြားရေးအစည်းအဝေးဆင့် ခေါ်ရာ မြန်မာဘာသာကို ရုံးသုံးဘာသာစကား အဖြစ်လည်း ကောင်း၊ အင်္ဂလိပ်ဘာသာကို နိုင်ငံတကာသုံးဘာသာစကားအဖြစ်လည်းကောင်း သတ်မှတ်ပြီး မူလတန်းအဆင့်ကတည်းက စတင်သင်ကြားပေးမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားဘာသာကိုမူ ကျောင်းချိန်ပြင်ပတွင်သာ သင်ကြားပေးရန် လျာထား ကြောင်း၊ သင်ခန်းစာနှင့် ဆရာ့လက်စွဲများကို အခြေခံပညာ သင်ရိုး ညွှန်းတမ်း၊ သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ် ကော်မတီက ဦးဆောင်၍ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်း (သို့မဟုတ်) တိုင်းရင်းစာပေပြန့်ပွါးရေးအဖွဲ့တို့မှ ပူးပေါင်းရေးဆွဲ ကာ ၂ လအတွင်းအပြီးပြုစု၍ ပညာရေးဝန်ကြီးထံသို့ ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း ပြောခဲ့သည်ဟု မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြခဲ့သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template