Headlines News :
Home » » ကမ္ဘာနဲ့အ၀ှမ်း Gtalk သုံးမရ

ကမ္ဘာနဲ့အ၀ှမ်း Gtalk သုံးမရ

Written By လွင့်မောင်မောင် on Thursday, July 26, 2012 | 10:37 PM



ဒီနေ့ မြန်မာစံတော်ချိန်ညနေ ၅ နာရီ ၁၀ မိနစ်လောက်ကနေစပြီး Gtalk ကို သုံးမရတော့တာပါ။ ကိုယ့်ရဲ့ Gtalk account မှာတော့ online ရှိနေပြီး ကိုယ့်ရဲ့ သူငယ်ချင်းတွေအားလုံးကို offline အနေနဲ့ပဲ မြင်ရပါတော့တယ်။ Offline message လည်း ပို့လို့ မရတော့ပါဘူး။

ဒါ့အပြင် Gmail, Google + စတာတွေကနေ ၀င်လို့ရတဲ့ Chat function တွေအားလုံးပါ ပြတ်နေတာ ဖြစ်ပါတယ်။

ဒီလိုပြတ်တောက်မှုတွေဟာ အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ UAE နဲ့ အင်္ဂလန်အပါအ၀င် နိုင်ငံတော်တော်များများမှာ ဖြစ်နေတာပါ။ တချို့နိုင်ငံတွေမှာတော့ ဒီနေ့မနက်ခင်းကတည်းက Google က ပေးထားတဲ့ ၀န်ဆောင်မှုတွေ၊ အထူးသဖြင့် Gtalk နဲ့ GmailChat တွေဟာ အလုပ်ကောင်းကောင်းမလုပ်ဘူးလို့ ဆိုကြပါတယ်။

Google ကတော့ သူ့ရဲ့ App Status စာမျက်နှာမှာ Gtalk ပြတ်ရတာကို သူတို့ သတိပြုမိကြောင်း၊ ပြဿနာအဖြေရှာပြီး အဆင်ပြေဖို့ ကြိုးစားနေကြောင်း၊ ဒါနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုလည်း ထုတ်ပြန်သွားပေးမယ်လို့ ရေးသားထားပါတယ်။
From ~ IT,News,နည်းပညာ,သတင်း
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template