ရန်ကုန်လေဆိပ်တွင် ဘန်ကောက်သို့ သွားမည့်ခရီးသည်များကို ထိုင်းနိုင်ငံတွင် အသုံးပြုသည့် ဆင်မ်ကတ် (SIM Card) များ အခမဲ့ ပေးဝေလျက်ရှိသည်။
ထို ဆင်မ်ကတ်ကို True Move ကုမ္မဏီက ဖြန့်ဝေနေခြင်းဖြစ်သည်။
အသုံးပြုလိုပါက ထိုင်းနိုင်ငံအနှံ့တွင်ရှိသော Seven Eleven စတိုင်းဆိုင်များ၊ တယ်လီဖုန်းအရောင်ဆိုင်များသို့ သွားရောက်ပြီး ငွေဖြည့် အသုံးပြုနိုင်သည်ဟု ကြော်ငြာထားသည်ကို တွေ့ရသည်။ အနည်းဆုံး ဘတ် ၃ဝဝ ဖိုး ထည့်သွင်းရမည်ဟု ဆိုသည်။ ထိုပမာဏသည် အမေရိကန်ဒေါ်လာ ၁ဝ ဒေါ်လာနှင့် ညီမျှသည်။
ကြော်ငြာတွင် ဖော်ပြထားချက်အရ တခြား ကုမ္မဏီများနည်းတူ ခေါ်ဆိုခ သက်သာကြောင်း သိရသည်။

အခွန်ဆောင်ရန်၊ ပတ်စ်ပို့ နှင့် ထောက်ခံချက်ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန် သံရုံးသို့ ရောက်လာသော မြန်မာပြည်သား အရေအတွက်မှာ နေ့စဉ် ရာနှင့်ချီ ရှိသည်ကို တွေ့နေရသည်။
မြန်မာပြည်သားတို့ကို ပစ်မှတ်ထားသော True Move ဆင်မ်ကတ် ကြော်ငြာသည်လည်း မြန်မာဘာသာဖြင့်ပင် ရေးသားထားကို တွေ့ရသည်။ True Move ကုမ္မဏီတွင် မြန်မာဝန်ထမ်းကို ခန့်ထားသဖြင့် မြန်မာဘာသာဖြင့် ဆက်သွယ် စုံစမ်း မေးမြန်းနိုင်သည်ဟု ကြော်ငြာက ဆိုသည်။
အခမဲ့ ဝေငှနေသော ကတ်များကို ဆိုင်တွင် ၀ယ်ယူပါက တကတ်လျှင် ဘတ် ၅၀ ခန့် (၂ ဒေါ်လာခန့်)ကုန်ကျမည် ဖြစ်သည်။
ညွှန်း - မိုးမခ http://moemaka.com/