Headlines News :
Home » , » ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်

Written By လွင့်မောင်မောင် on Wednesday, July 25, 2012 | 9:21 AM

photo- Zaw Lwin Win

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ရာ အခင်းဖြစ်ပွါးခဲ့သော ဇွန်လ ၈ ရက်နေ့မှ ယနေ့အထိ ပုဒ်မ ၁၄၄ ကို ချိုးဖေါက်သူ နှင့် လက်နှက် ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခဲ့သူ စာရင်းကို ထုတ်ပြန်ခဲ့သည်။ ဖမ်းဆီးခံရသူများ စာရင်းမှာ စစ်တွေမြို့တွင် ၁၃၆ ဦး၊ ကျောက်တောမြို့နယ်တွင် ၁၈ ဦး၊ မင်းပြားမြို့နယ်တွင် ၄ ဦး၊ မောင်းတောမြို့နယ်တွင် ၄၉၃ ဦင်္း၊ ဘူးသီးတောင်မြို့နယ်တွင် ၃၅ ဦး၊ ရသေ့တောင်မြို့နယ်တွင် ၁၈၁ ဦး၊ သံတွဲမြို့နယ်တွင် ၄ဦး၊ ကျောက်ဖြူမြို့နယ်တွင် ၁ ဦး၊ ဖြစ်သည်ဟု ဆိုသည်။

ညမထွက်ရ အမိန့်ကို ဖီဆန်သဖြင့် အဖမ်းခံရသူများကို ဥပဒေအရ အရေးယူမည်ဟု ပြောဆိုခဲ့ပြီး အမိန့်ကြေငြာစဉ်ကလည်း ထောင် ၆လအထိ ကျခံရနိုင်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ယခုအချိန်အထိ ရခိုင်ဒုက္ခသည်စခန်းပေါင်း ၄၃ ခုရှိနေသေးပြီး ဒုက္ခသည်ပေါင်း ၆၁၆၇ ဦးရှိနေသေးကာ ၂၂၃၉ ဦးမှာ မိမိတို့ နေရပ်ရင်းသို့ ပြန်သွားပြီဟု ဆိုသည်။

မကြာမီ ရက်ပိုင်းအတွင်း ရခိုင် ဒုက္ခသည်စခန်းမှာ ရှိနေသော ဒုက္ခသည်များကို ဘုန်းတော်ကြီးကျောင်းများတွင် မနေစေတော့ဘဲ ယာယီတဲများ ထိုးပေးပြီး ဆက်လက် ကယ်ဆယ်ထားမည်ဟုလည်း ပြောဆိုခဲ့သည်။

ဘင်္ဂလီ များနှင့် ရခိုင် ဒုက္ခသည်များအတွက် ယာယီတဲပေါင်း ၇၈၉ တဲ ထိုးပေးမည် ဖြစ်ပြီး တစ်လုံးတွင် ဒုက္ခသည်ပေါင်း ၆၀ ဦးအထိ နေနိုင်သော ယာယီတဲတစ်လုံးအတွက် ကုန်ကျစရိတ် ၂၈ သိန်းအထိ အကုန်အကျခံ သွားမည်ဟုလည်း သိရသည်။

စစ်တွေမြို့ပေါ် တစ်ခုတည်းတွင်ပင် ရခိုင်ဒုက္ခသည်များ အတွက် ယာယီတဲပေါင်း ၇၀ ဆောက်လုပ်ပေးမည်ဟု ပြည်နယ်အစိုးရ အဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီမှ ဆိုသည်။

မောင်းတော၊ ဗူးသီးတောင် ဒေသများတွင် မူလတန်းမှ အထက်တန်း အထိ ကျောင်းများ မဖွင့်နိုင်သေးသည့် အခြေအနေနှင့် ပတ်သက်ပြီး သတင်းထောက်တစ်ဦး၏ အမေးကိုမူ ကျောင်းများဖွင့်ရန် ညွန်ကြားထားပြီးဖြစ်သည်ဟုသာ ဖြေဆိုခဲ့သည်။
ယခု ပညာသင်နှစ်အတွင်း မောင်းတော ဒေသတွင် မူလတန်းမှ အထက်တန်းအထိ ကျောင်းများ ဖွင့်နိုင်မည့် အလားအလာကောင်းများ မမြင်ရသေးသော်လည်း စစ်တွေ တက္ကသိုလ်ကိုမူ မကြာမီ အမြန်ဆုံး ဖွင့်လှစ်ပေးမည်ဟု သတင်းထုတ်ပြန်ရေးကော်မတီက ဆိုသည်။

ညွှန်း...... Zaw Lwin Win ၏Facebook စာမျက်နှာမှ
သတင်းပေးပို့သူ - AD 2030 vision
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template