Headlines News :
Home » » ဧရာဝတီ အနာဂတ်အတွက် စိတ်မချရသေး၊ မြစ်ဆုံဆည်အား မဖြစ်မနေ တည်ဆောက်ရမည်ဟု အာဏာရ USDP ပါတီ ဗဟိုအလုပ်အမှူဆောင် ဦးအောင်သိန်းလင်း ပြောကြား

ဧရာဝတီ အနာဂတ်အတွက် စိတ်မချရသေး၊ မြစ်ဆုံဆည်အား မဖြစ်မနေ တည်ဆောက်ရမည်ဟု အာဏာရ USDP ပါတီ ဗဟိုအလုပ်အမှူဆောင် ဦးအောင်သိန်းလင်း ပြောကြား

Written By လွင့်မောင်မောင် on Monday, July 23, 2012 | 12:28 PM

Monday, 23 July 2012 00:11
မကြာသေးမီက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိမိ၏ သက်တမ်းကာလအတွင်း တည်ဆောက်မှုများ ရပ်ဆိုင်းထားမည်ဟုဆိုသော ဧရာဝတီ မြစ်ဆုံဆည်အား မဖြစ်မနေ ပြန်လည်စတင် တည်ဆောက် သွားရမည်ဖြစ်ကြောင်း အာဏာရ USDP ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက တရုတ်နိုင်ငံထုတ် Southern Weekend အပတ်စဉ်ထုတ် သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြားပြောဆို သွားခဲ့ကြောင်း တရုတ်ဘာသာဖြင့် ဖော်ပြထားသည့် အဆိုပါ အင်တာဗျူးကို www.burmanet.org တွင် အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားချက်အရ သိရသည်။
မြန်မာနိုင်ငံတွင်းမှ နိုင်ငံရေး အဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များနှင့် လူထုလူတန်းစား အဖွဲ့အစည်းများ၊ မီဒီယာများနှင့် ပြည်သူအများအပြားက ဆန့်ကျင်ဝေဖန်မှုများ ပြုလုပ်အပြီး ပြည်သူ့အသံကို နားထောင်ကာ သမ္မတက ၎င်းစီမံကိန်း ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သော သမ္မတ၏ ဆုံးဖြတ်ချက်အပေါ် ယခင်ရန်ကုန်မြို့တော်ဝန်ဟောင်း အငြိမ်းစား ဗိုလ်မှူးချုပ် အောင်သိန်းလင်းက တွေ့ဆုံမေးမြန်းရာတွင် ဝေဖန် သွားခဲ့ခြင်းဖြစ်သည်။
ဦးအောင်သိန်းလင်းက ''ဒါဟာ သူ့(သမ္မတ)ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ။ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒါကို ဆန့်ကျင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားရေး မူဝါဒ မဟုတ်ပါဘူး။ သမ္မတဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားအောင် လုပ် ခဲ့ပါတယ်''ဟု ဖြေကြားသွားပြီး ယခု မြစ်ဆုံဆည်အား ပြန်တည်ဆောက်သင့်သလားဟု မေးမြန်းရာတွင်  ''ဆောက်ကို ဆောက်ရမှာပေါ့။ ကျွန်တော်တို့ လျှပ်စစ်ဓာတ်အား လိုတယ်။ အနောက်နိုင်ငံတွေက ဒါကိုရပ်ဆိုင်းဖို့နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြားအောင် လုပ်ခဲ့တာပါ''ဟု ဖြေကြားခဲ့သည်။
USDP ပါတီ၏ အဓိက ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်သော ဦးအောင်သိန်းလင်းသည် NLD  ပါတီနှင့် ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်အားလည်း ''ကျွန်တော် သူ့ကိုမယုံဘူး။ ကုလသမဂ္ဂကိုလည်း မယုံဘူး''ဟု ဖြေကြားသွားခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်ခြင်းမှာ ''ကျွန်တော်တို့ ပြည်သူတွေအတွက် ကျွန်တော်တို့နိုင်ငံအတွက် လာတာ မဟုတ်ဘူး။ ဒီအမျိုးသမီး (ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွှန်းသည်) အတွက်လာတာ''ဟု ဖြေကြားခဲ့ပါသည်။
ဦးအောင်သိန်းလင်းက EU နှင့် US အား ''သူတို့ကို မယုံဘူး။ သူတို့က သူတို့လိုချင်တဲ့ ရုပ်သေးအစိုးရတင်ဖို့ ဂိုဏ်းဖွဲ့နေကြတာ''ဟု ဆိုပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အပေါ် လူအများအပြားက လှိုက်လှဲစွာ ထောက်ခံနေကြခြင်းအပေါ် မေးမြန်းရာ သူက''လူတွေက ရူးနေကြတာပါ။ သူက လူကြိုက်များရတာ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဖြစ်လို့ပါ''ဟု ပြောကြားခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ရခြင်းနှင့် ပတ်သက်၍ ဦးအောင်သိန်းလင်းက ''ကျွန်တော်တို့ သင်ခန်းစာတွေ ရတယ်။ လူထုနဲ့ အများကြီး ဆက်ဆံရမယ်။ လူထု လိုအပ်ချက် ဆန္ဒတွေကို သိရမယ်''ဟု ဆိုပါသည်။
သို့ရာတွင် မြန်မာနိုင်ငံရှိ လူဦးရေ ၉၀ ရာခိုင်နှုန်းကျော်က မြစ်ဆုံဆည် တည်ဆောက်ရေးကို လိုလားခြင်း မရှိကြောင်းကို ဦးအောင်သိန်းလင်းအနေဖြင့် မသိကြောင်း နိုင်ငံရေး လေ့လာသူတစ်ဦးက သုံးသပ်ပါသည်။
အဆိုပါသုံးသပ်သူက ''သူတို့ ထပ်နိုင်ရင် ဒီမြစ်ဆုံဆည်ကို မဖြစ်မနေ ဆောက်မယ်လို့ ဦးအောင်သိန်းလင်းက ဆိုရင် ၂၀၁၅ အတွက် အဖြေက ထွက်ပြီးသားပဲပေါ့။ ပြိုင်စရာတောင် မလိုတော့ပါဘူး''ဟု မှတ်ချက်ပြုပါသည်။
USDP ပါတီ၏ ဗဟိုအလုပ်အမှုဆောင်နှင့် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံဖြစ်သော ဦးအောင်သိန်းလင်းသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။ 
ထို့အပြင် ဦးအောင်သိန်းလင်းသည် ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ ရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်မီကာလအတွင်း မဲဆွယ်စည်းရုံးရေးအတွက် လမ်းခင်းခြင်းများ ပြုလုပ်ရာ၌ ၎င်းသည် ပါတီငွေကြေးနှင့် ရန်ကုန်မြို့တော်စည်ပင်ငွေကြေးများကို ရောထွေးသုံးစွဲခဲ့သည်ဟု စွပ်စွဲဝေဖန်ခြင်းများကိုလည်း ခံခဲ့ရသူ ဖြစ်သည်။
Eleven media Group
 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template