မူးယစ်ဆေးဖမ်းမိသည့် အကျဲကျေးရွာရှိ စစ်ဆေးရေးဂိတ်တခု (ဓာတ်ပုံ - YPI)
စိတ်ကြွဆေး အလုံးရေ သုံးသိန်း မြစ်ကြီးနားမှာ ဖမ်းမိတယ် လို့ ဗုဒ္ဓဟူးနေ့ထုတ်ကြေးမုံသတင်းစာမှာ ရေးထားပါတယ်။
မြန်မာငွေ သိန်းပေါင်း ၉,၀၀၀ တန်တယ် တဲ့။
တော်တော်များတာပဲ။
ဆေးသယ်လာတဲ့ကားက မာဇဒါဂျစ် လို့ ဆိုတယ်။ ကားနံပါတ်ကိုကိုတော့ ရှေ့အက္ခရာတလုံးပဲ ပေးပါတယ်။ ဂဏန်းတွေ ၀ှက်ထားပါတယ်။
(ဘော်ဒီနာဖူးတဲ့ကားတွေ
ဈေးကောင်းမရတတ်ဘူး ဆိုတာကြောင့် ထင်ပါတယ် - ယာဉ်တိုက်မှုသတင်းများထဲက
ကားနံပါတ်တွေကို မီဒီယာတွေက ဆင်ဆာဖြတ်ပေး ဖုံးကွယ်ပေးတတ်ကြပါတယ်။
ဓာတ်ပုံမှာရော သတင်းထဲမှာပါ ဖြတ်ပါတယ်။
ကားဈေးတွေ ပြုတ်ကျ၊ ကားအရေအတွက် ဖောင်းပွလာနေပေမယ့် ဖုံးပေးနေကြဆဲပါ။)
မူးယစ်ဆေး သယ်တယ်ဆိုတဲ့ ကားရဲ့ နံပါတ်ကို ဘာကြောင့် ဖုံးပေးသလဲ ဆိုတာတော့ မသိရပါ။
သိန်း ၉,၀၀၀ တန် စိတ်ကြွဆေးသတင်း မူရင်းကို ဒီမှာ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjcU2PuhEby9CggwI8EZfFfV6bcNpijIidilmMMc88JX76LRvM_qrkdtBU9gU3ZSFKTqis9ozvKXAAI9Ov1hzIMTDpPv-W_YR5PG7C_ldMdHbfwAEYlUB1E81sQVPdDE_A1LKFu2YGXsAs/s1600/000+001+blog+elph.jpg ဖတ်နိုင်ပါပြီ။
သယ်ဆောင်လာသူက အသက် ၅၄ နှစ်အရွယ် ဦးသောင်းမြင့် (ခေါ်) မေလီဟို လို့ ဆိုပါတယ်။
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago