Headlines News :
Home » , » အမျိုးသမီးများလည်း သတ်မှတ်အရည်အချင်းပြည့်က ရပ်၊ကျေး အုပ်ချုပ်ရေးမှူးဖြစ်နိုင်

အမျိုးသမီးများလည်း သတ်မှတ်အရည်အချင်းပြည့်က ရပ်၊ကျေး အုပ်ချုပ်ရေးမှူးဖြစ်နိုင်

Written By လွင့်မောင်မောင် on Thursday, July 26, 2012 | 3:36 PM


နေပြည်တော်၊ဇူလိုင်-၂၆
သတ်မှတ်အရည်အချင်းနှင့် ပြည့်မီပါက အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံပိုင်ခွင့်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ယနေ့ပြောကြားသည်။
ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများအတွက် သတ်မှတ် အရည်အချင်းများအား ပြီးခဲ့သည့် မတ် ၂၈ ရက်က နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဥပဒေတွင်ပါရှိသည်။
ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် အရွေးချယ်ခံလိုသူများသည် နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူများဖြစ်ရခြင်း၊မိမိအရွေးချယ်ခံမည့် ရပ်ကွက်တွင် တစ်ဆက်တစ်စပ်တည်း ၁၀ နှစ်နေထိုင်သူဖြစ်ရခြင်း၊ကျန်းမာရေးကောင်းမွန်၍ ပညာ အရည်အချင်း အသင့်အတင့်ရှိရမည်ဖြစ်ပြီး အထိုက်အလျောက် စားဝတ်နေရေး ဖူလုံသူဖြစ်ရခြင်း၊မတရား အသင်းများနှင့် အဆက်အသွယ်ရှိသူ မဖြစ်ရခြင်း စသည့် အချက်များ ဥပဒေတွင် ပါရှိသည်။
ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် ၁၅ ရက်မြောက်နေ့တွင် ဘားအံမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဆေအွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူးများအား အရည်အချင်းနှင့် ကိုက်ညီပါက အမျိုးသမီးများအား ရွေးချယ်ပိုင်ခွင့် ရှိမရှိနှင့် စပ်လျင်းသည့်မေးခွန်းအား ပြည်ထဲရေး ဒုဝန်ကြီးမှ ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်းပြောကြားသွားခြင်းဖြစ်သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template