Headlines News :
Home » » သမ္မတ ဦးသိန်းစိန် ထိုင်းဝန်ကြီးချုပ်၏ ဂုဏ်ပြုညစာစားပွဲ တက်ရောက်

သမ္မတ ဦးသိန်းစိန် ထိုင်းဝန်ကြီးချုပ်၏ ဂုဏ်ပြုညစာစားပွဲ တက်ရောက်

Written By လွင့်မောင်မောင် on Tuesday, July 24, 2012 | 1:21 AM






ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီးအဖြစ် ရောက်ရှိနေသည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က ထိုင်းလူမျိုး စီးပွားရေးလုပ်ငန်းရှင်များနှင့် ယနေ့ညတွင် ပြုလုပ်သည့် ထိုင်းဝန်ကြီးချုပ်၏ ဂုဏ်ပြုညစာစားပွဲ မတိုင်မီ မိတ်ဆက်ပေးနေသည်ကို တွေ့မြင်ရစဉ်။ဓာတ်ပုံ-တင်အောင်ကျော်


ကြာသေးခင် အချိန်အတွင်း ပြီးစီးသွားသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဂုဏ်ပြုညစာစားပွဲမတိုင်မီ ထိုင်းဝန်ကြီးချုပ်သည် ထိုင်းလူမျိုးစီးပွားရေး လုပ်ငန်းရှင် အများအပြားနှင့် သမ္မတကြီး ဦးသိန်းစိန်ကို မိတ်ဆတ်ပေးခဲ့ သည်။

ယင်းစီးပွားရေးလုပ်ငန်းရှင်များတွင် နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင် များပါဝင်ပြီး အနည်းဆုံး၂၀ခန့်ရှိသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ၇နှစ်ခန့် ကောင်စစ်ဝန်အဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ကောင်စစ်ဝန်တစ်ဦးက မြန်မာသမ္မတသည် စိတ်သဘောထား ပြည့်ဝကောင်းမွန်ပြီး အမှန်တကယ် ပြုပြင်ပြောင်းလဲလိုသူဖြစ်ကြောင်း၊ နောင်နှစ်၂၀ အတွင်း မြန်မာတို့သည် ထိုင်းနိုင်ငံကို ဖြတ်ကျော်နိုင်သည့် အခြေနေရှိကြောင်း The Voice Weekly သို့ သီးသန့် ပြောကြားသည်။

သို့ရာတွင် အင်္ဂလိပ်ဘာသာဖြင့် ထိုင်းနိုင်ငံတွင် ထုတ်ဝေသော ဘန်ကောက်ပို့စ်သတင်းစာ အယ်ဒီတာ့အာဘော်က သမ္မတ ဦးသိန်းစိန် နှင့်မြန်မာနိုင်ငံသည်နှစ်ပါင်း ၅၀ကျော် စစ်အုပ်ချုပ်ရေးကာလအတွင်း ဖွာလန်ကျဲသွားခဲ့သော အပေါက်အပြဲများကို ဖာထေးရန်အတွက် ခရီးရှည်ကြီးလျှောက်ရန် ကျန်နေသေးသည်ဟု ရေးသားထားသည်။

မနက်ဖြန် ဇူလိုင်လ ၂၄ရက်နေ့တွင် သမ္မတကြီး၏ ခရီးစဉ် အဆုံးသတ်မည်ဖြစ်ပြီး ဒီမိုကရေစီစနစ်ဖြင့် ပထမဆုံး ရွေးချယ်တင်မြောတ်ခြင်းခံရသော အစိုးရအကြီးအကဲဖြစ် လာရောက်ရသည်အတွက် ဂုဏ်ယူကြောင်း ညစာစားပွဲတွင် သမ္မတကြီးက ပြောကြားခဲ့သည်။
The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template